0:00 / 0:00
၂၁ ရာ စုပင်လုံညီလာခံမှာ ပင်လုံမူ၊ ပင်လုံသဘောတူညီချက်တွေကို အခြေခံဆွေးနွေးမှသာ တိုင်ရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဆွေးနွေးခွင့်ရဖို့ အရေးကြီးကြောင်း အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် က မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ မူဝါဒဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။
RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က တင်ပြထားပါတယ်။
