ကမ္ဘာ့မီဒီယာနဲ့ တရုတ်ခြေလှမ်း

2019-03-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်စေဖို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ပျဉ်းမနားမြို့ ကိုးဆူဘုရားမှာ နေပြည်တော်အခြေစိုက် သတင်းထောက်တွေ လက်ပတ်စည်းပြီး ဆုတောင်းပွဲပြုလုပ်ခဲ့စဉ်
ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်စေဖို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ပျဉ်းမနားမြို့ ကိုးဆူဘုရားမှာ နေပြည်တော်အခြေစိုက် သတင်းထောက်တွေ လက်ပတ်စည်းပြီး ဆုတောင်းပွဲပြုလုပ်ခဲ့စဉ်
Photo: Win Ko Ko Latt/RFA

ပြည်တွင်းမှာ သတင်းလွတ်လပ်ခွင့်တင်းကြပ်ပေမယ့် ဝါဒဖြန့်ချိရေးအတွက် နိုင်ငံတကာ မီဒီယာတွေထဲ ထိုးဖောက်ဖို့ တရုတ်နိုင်ငံက ကြိုးစားနေတဲ့အကြောင်းနဲ့ တရုတ်-မြန်မာမီဒီယာ ဆက်ဆံရေး တစေ့တစောင်းကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~
ကမ္ဘာ့မီဒီယာနဲ့ တရုတ်ခြေလှမ်း
(ဒေါ်စမ်းစမ်းတင်)


RSF- နယ်စည်းမခြား သတင်းစာဆရာများအဖွဲ့က ပြုစုတဲ့ ၂ဝ၁၈ အတွက် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်ညွှန်းကိန်းမှာ နိုင်ငံ ၁၈ဝ အနက် တရုတ်နိုင်ငံက ၁၇၆ မြောက်ဖြစ်ပေမယ့် သူ့နိုင်ငံကို ဝေဖန်တာတွေ ဟန့်တားဖို့နဲ့ ဝါဒ ဖြန့်ချိရေးအတွက် ကမ္ဘာ့မီဒီယာ လောကမှာ သူ့သြဇာသက်ရောက်အောင် ကြိုးပမ်းနေပါတယ်။ RSF က ဒီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ခေတ်သစ်မီဒီယာနောက် တရုတ်နိုင်ငံ ကောက်ကောက်ပါအောင်လိုက်ခြင်း အစီရင်ခံစာမှာ အဲဒီလိုဖော်ပြထားတာပါ။

ကမ္ဘာ့အဝန်းအဝိုင်းမှာ တရုတ်မီဒီယာ ပိုဝင်ဆန့်လာအောင် တနှစ်ကို အမေရိကန်ဒေါ်လာ သန်းတထောင်နဲ့ သုံးသိန်း ရင်းနှီးမြှုပ်နှံနေတယ်လို့လည်း ဆိုပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက စိစစ်ပိတ်ပင်မှောင်ချထားတဲ့ သတင်းတွေကို စုဆောင်းလို့ဖြစ်ဖြစ်၊ ဖြန့်ဝေလို့ဖြစ်ဖြစ် ဒါဇင်နဲ့ချီတဲ့ သတင်းစာဆရာတွေနဲ့ အင်တာနက်စာရေးဆရာ ဘလော့ဂါတွေကို သူ့နိုင်ငံမှာ အကျဉ်းချထားပေမဲ့ သူ့ကောင်းသတင်း လေညှင်းဆောင်စေဖို့ ရင်းနှီးမြှုပ်နှံတာလို့လည်း ပြောနိုင်ပါတယ်။

ဒီထဲ အာရှ၊ အာဖရိက က သတင်းသမားတွေနဲ့ ဥရောပက အာရေဗျနဲ့ ပြင်သစ်စကားပြော သတင်းစာဆရာတွေနဲ့ တရုတ် မီဒီယာချင်း ဖလှယ်ရေး အစီစဉ်တွေလည်း ပါဝင်ပါတယ်။ တရုတ်-မြန်မာ မီဒီယာ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်တွေဟာ မ-ဆ-လ၊ န-ဝ-တ၊ န-အ ဖ စတဲ့ ခေတ်တိုင်းရှိနေပြီး တရုတ်နိုင်ငံ မရောက်ဖူးတဲ့ အစိုးရဝန်ထမ်း မီဒီယာသမား မရှိသလောက်ပဲ ပြောစမှတ်ရှိသလို- အလွတ် သတင်းသမားတွေ၊ စာရေး ဆရာတွေလည်း တရုတ်နိုင်ငံကို အတော်များများ ရောက်ဖူးကြပါတယ်။

တရုတ်-မြန်မာမီဒီယာ ဆက်ဆံရေး အစဉ်အဆက် အဆင်ချောတဲ့ အထောက်အထားတွေလည်း ရှိပြန်တာပါ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာ နိုင်ငံခြားသတင်းဌာန သတင်းထောက်တွေဟာ မြန်မာနိုင်ငံသားတွေသာ ဖြစ်ပေမယ့် တရုတ် ဆင်ဟွာနဲ့ ရုရှား တာ့စ် သတင်းဌာနကတော့ သူ့နိုင်ငံသားတွေ မြန်မာနိုင်ငံမှာ အခြေစိုက်ခွင့်ရထားပါတယ်။ အမေရိကန်သံရုံးက လင်းရောင်ခြည်လို၊ နှောင်ကြိုးမဲ့ ကမ္ဘာလို ဝါဒဖြန့်ချိရေး စာစောင်တွေ အခမဲ့ ထုတ်ဝေတဲ့အတိုင်း တရုတ်သံရုံးနဲ့ ဆိုဗီယက်သံရုံးတွေကလည်း ဝါဒဖြန့်ချိရေး စာစောင်တွေ အခမဲ့ ထုတ်ဝေဖြန့်ဝေပါတယ်။

၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှာ တရုတ်အစိုးရအာဘော် ဆင်ဟွာသတင်းဌာနက NewChina နာမည်နဲ့ ဆင်ဟွာသတင်းတွေကို မြန်မာလိုဖော်ပြတဲ့ online သတင်းစာမျက်နှာ စတင်တည်ထောင်ပါတယ်။ တရုတ်အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ အသံလွှင့်လုပ်ငန်းတွေဟာ မကြာခင်နှစ်ပိုင်းတွေမှာ နိုင်ငံတကာကို တိုးချဲ့လာတယ်လို့ RSF က ပြောပါတယ်။ CGTN  -China Global Television Network  ကမ္ဘာလုံးဆိုင်ရာ တရုတ်ရုပ်မြင်သံကြားကွန်ရက်ဟာ  နိုင်ငံ ၁၄ဝ မှာ ထုတ်လွှင့်နေပြီး China Radio International  နိုင်ငံတကာ တရုတ် အသံလွှင့်ဌာနဟာ ၆၅ ဘာသာနဲ့ အသံလွှင့်နေပါတယ်။

နိုင်ငံတကာ မီဒီယာတွေမှာ တရုတ်နိုင်ငံက ကြော်ငြာတွေ ထည့်တဲ့အတွက် ကြော်ငြာလက်ခံတဲ့ မီဒီယာတွေ ဒေါ်လာရနေပြန်ပါတယ်။ နိုင်ငံတကာသတင်းစာတွေ စာစောင်တွေမှာ ကြော်ငြာထည့်ဖို့ သက်သက်ချည်း တရုတ်နိုင်ငံဟာ ဒေါ်လာနှစ်သိန်းခွဲ သုံးနေပါတယ်။

အမေရိကန်ပြည်ထောင်စုက အထင်ကရ ဝါရှင်တန်ပို့စ် သတင်းစာမှာ တရုတ်နိုင်ငံကဏ္ဍ အချပ်ပိုပါပြီး ကင်ညာနိုင်ငံ နိုင်ရိုဘီ၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီနဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မှာ တရုတ်အစိုးရပိုင် CGTN ရုပ်သံဌာနတွေ ဖွင့်လှစ်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့