0:00 / 0:00
ပြည်သူ့ဘဏ္ဍာငွေ ဗဟိုချုပ်ကိုင်မှုနဲ့ အုပ်ချုပ်ရေး ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို The Asia Foundation က ဦးစီးပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ ရန်ကုန်မြို့ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အခွန်ကောက်ခံမှုဆိုင်ရာတွေနဲ့ ဘက်ဂျက်ငွေ စီမံခန့်ခွဲသုံးစွဲရေးတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
RFA သတင်းထောက် ကိုအောင်သိင်္ခ စုစည်းတင်ပြထားပါတယ်။
