ဂေါ်ရင်ဂျီကျွန်းက မျှင်ပုစွန် ဖမ်းဆီးသူများ

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ နံ့သာပုကျေးရွာမှာရှိတဲ့ ဒေသခံတွေဟာ တစ်နိုင်တစ်ပိုင် မျှင်ပုစွန်ထောင်တဲ့လုပ်ငန်းကို ဂေါ်ရင်ဂျီကျွန်းအနီးဝန်းကျင်မှာ လုပ်ကိုင်နေကြတာပါ။

(Photo: RFA)
(Photo: RFA)

မျှင်ငပိတစ်ပိသာကို ကျပ် ၁၅,၀၀၀ ရတာကြောင့် မျှင်ပုစွန်တွေကို ဝိုင်းပိုက်လို့ခေါ်တဲ့ ပိုက်တွေ၊ ဂေါ်လို့ခေါ်တဲ့ မျှင်ပုစွန်ဖမ်းတဲ့ ကိရိယာတွေနဲ့ ရှာဖွေဖမ်းယူကြပါတယ်။

(Photo: RFA)
(Photo: RFA)

ဝိုင်းပိုက်နဲ့ မျှင်ပုစွန် ဖမ်းယူတဲ့အခါမှာ လူငါးဦးကနေ ၁၅ ဦးအထိ လိုပါတယ်။

(Photo: RFA)
(Photo: RFA)

အရင်က တစ်ရက်ကို ခြင်းတောင်း ၇၀ ကနေ ၈၀ ကြားရပေမယ့် လက်ရှိမှာတော့ မျှင်ပုစွန် အရနည်းလာပြီး နှစ်ခြင်းကနေ ငါးခြင်း ဝန်းကျင်သာ ရတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(Photo: RFA)
(Photo: RFA)