အာဏာသိမ်းရက်တစ်ထောင်အတွင်း အခြေအနေကို သုံးသပ်ခြင်း
အောက်တိုဘာ ၂၉ ရက်နေ့ဟာ မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းလိုက်တာ ရက်ပေါင်း တစ်ထောင်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။
ဒီကာလအတွင်း စစ်ကောင်စီတပ်တွေဟာ စစ်အာဏာရှင်ကို လက်နက်ကိုင် ခုခံတော်လှန်နေသူတွေတင်မကဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ၊ စစ်ဘေးဒုက္ခသည်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ များလာသလို လေကြောင်းအားသာမှုကို ပိုပြီး အသုံးချလာတဲ့အတွက် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီ ဖြတ်တောက်နိုင်ဖို့၊ စစ်လက်နက်ပစ္စည်းစီးဆင်းမှုတွေ ရပ်တန့်နိုင်ဖို့ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေက အလေးထားတောင်းဆိုနေကြတဲ့အကြောင်းနဲ့ နိုင်ငံတကာဖိအားတွေကြား စစ်ကောင်စီ ကြုံနေရတဲ့ အကျပ်အတည်းတွေကို ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က မမူလန်၊ မြောင်လူငယ်ကွရက်က မဂရေ့စ်၊ ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်း မန်ဟရဲလျန်နဲ့ CDM တပ်မတော်သား တပ်ကြပ်ကြီး ဇေယျတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။