တစ်ပတ်အတွင်း အာရှသတင်းများ
2023.01.29
ဂျပန်ကမ်းလွန် သင်္ဘောနစ်မြုပ်မှု မြန်မာ နှစ်ဦးအပါအဝင် အနည်းဆုံး ရှစ်ဦးသေဆုံးခဲ့တဲ့အကြောင်း၊ အာရှတစ်လွှား ပြင်းထန်တဲ့ အအေးဒဏ်နဲ့ကြုံခဲ့ရတဲ့အခြေအနေ၊ မလေးရှားဌာနေတိုင်းရင်းသားတွေရဲ့ရိုးရာပူဇော်ပွဲအကြောင်းတွေ အပါအဝင် တစ်ပတ်အတွင်း အာရှသတင်းတွေကို မနန္ဒာချမ်း စုစည်းတင်ပြထားပါတယ်။
■ အသံဖိုင် နားဆင်ရန်နှင့် ရယူရန်
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chalermpol Srisawat တို့ ရခိုင်ပြည်နယ် ငပလီကမ်းခြေမှာ တွေ့ဆုံခဲ့ကြတဲ့အကြောင်း၊ ထိုင်းနိုင်ငံမှာ ရေနံတင်သင်္ဘော မီးလောင်ပေါက်ကွဲမှုအတွင်း မြန်မာအလုပ်သမား ခုနစ်ဦးနဲ့ ထိုင်းလူမျိုး တစ်ဦး သေဆုံးခဲ့တဲ့အကြောင်း၊ အာရှနိုင်ငံတွေက တရုတ်နှစ်သစ်ကူးကာလ အခြေအနေတွေနဲ့အတူ တစ်ပတ်အတွင်းထူးခြားတဲ့ သတင်းတွေကို တင်ပြထားပါတယ်။
■ အသံဖိုင် နားဆင်ရန်နှင့် ရယူရန်
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ အင်ဒိုနီးရှား နိုင်ငံအနေနဲ့ မြန်မာ့အရေးကို ရှေ့တန်းကနေ ဖြေရှင်းဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တိုက်တွန်းလိုက်တဲ့အကြောင်း၊ အိန္ဒိယနိုင်ငံမှာ လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်ကို ဇန်နဝါရီ ၈ ရက်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြတဲ့အကြောင်းနဲ့အတူ တစ်ပတ်အတွင်း အာရှတစ်ခွင်မှာ ထူးထူးခြားခြားဖြစ်ခဲ့တဲ့ သတင်းတွေကို မနန္ဒာချမ်း စုစည်းတင်ပြထားပါတယ်။
■ အသံဖိုင် နားဆင်ရန်နှင့် ရယူရန်
တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်မှု များလာနေတဲ့အပေါ် စိုးရိမ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်တဲ့အကြောင်းနဲ့အတူ တစ်ပတ်အတွင်း မြန်မာနဲ့ အာရှတစ်လွှားမှာ ထူးထူးခြားခြား ဖြစ်ခဲ့တဲ့ သတင်းတွေကို စုစည်းပြီး မနန္ဒာချမ်း တင်ပြထားပါတယ်။
■ အသံဖိုင် နားဆင်ရန်နှင့် ရယူရန်
တရုတ်အထူးကိုယ်စားလှယ်သစ် တိန့်ရှီဂျွန် (Deng Xijun) တရားဝင် မြန်မာနိုင်ငံခရီးစဉ်ကို စတင်ခဲ့တဲ့အကြောင်း၊ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ တရုတ်နိုင်ငံက ခရီးသွားတွေကို အမေရိကန် အပါအဝင် နိုင်ငံတော်တော်များများကနေ ကန့်သတ် ချက်တွေ ထုတ်ပြန်လိုက်တဲ့ သတင်း စတာတွေနဲ့အတူ တစ်ပတ်အတွင်း မြန်မာနဲ့အာရှတစ်ခွင်မှာဖြစ်ခဲ့တဲ့ အထူးခြားဆုံးသတင်းတွေကို စုစည်းပြီး မနန္ဒာချမ်း က တင်ပြထားပါတယ်။
■ အသံဖိုင် နားဆင်ရန်နှင့် ရယူရန်
ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ နှစ်ပေါင်း ၇ဝ ကျော်အတွင်း မြန်မာနဲ့ပတ်သက်တဲ့ ပထမဆုံး ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တဲ့အကြောင်း၊ တရုတ်နိုင်ငံမှာ အရေးပေါ်ဌာနကို ရောက်လာတဲ့ နေထိုင်မကောင်းသူတွေ များလာနေတဲ့ အခြေအနေ စတာတွေနဲ့အတူ တစ်ပတ်အတွင်း ထူးခြားတဲ့သတင်းတွေကို မနန္ဒာချမ်း စုစည်းတင်ပြထားပါတယ်။
■ အသံဖိုင် နားဆင်ရန်နှင့် ရယူရန်