ဖက်ဒရယ်တပ်မတော်မှာ ABSDF ပါဝင်မည်

2021.03.30

ABSDF ကျောင်းသားတပ်မတော် (မြောက်ပိုင်း)ဟာ CRPH က ဦးဆောင်ဖွဲ့စည်းမယ့် ဖက်ဒရယ်တပ်မတော်မှာ ပူးပေါင်း ပါဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ADSDF မြောက်ပိုင်း စစ်ဒေသကော်မတီဥက္ကဋ္ဌ ကိုလဆိုင်း က RFA ကို ပြောပါတယ်။

ADSDF မြောက်ပိုင်း ရှေ့တန်းစစ်မြေပြင်မှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေအတွက် ဂုဏ်ပြုအခမ်းအနားတခုကို မနေ့ကကျင်းပခဲ့ပါတယ်။

ကိုလဆိုင်း ကို RFA ဝိုင်းတော်သားကိုဂျေက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။