တေးဂီတပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ချင်းမိုင်မှာ ကျင်းပ

မြန်မာနိုင်ငံက ရွှေ့ပြောင်းလာတဲ့ဂီတပညာရှင်တွေနဲ့ ဂီတနည်းပြဆရာတွေအတွက် ရည်ရွယ်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က Bamboo Family Market မှာ သြဂုတ် ၇ ရက်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပါတယ်။

ကြံ့ခိုင်စွမ်းအားနဲ့ပညာရေး ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့တာလို့ Myanmar Jazz Club (MJC) ရဲ့ ပညာရေးဆိုင်ရာတာဝန်ခံ မခင်မြတ်မွန်က RFA ကိုပြောပါတယ်။

“Resilience and Education in Music practice (ဂီတမှာသုံးတဲ့ ကြံ့ခိုင်စွမ်းအားနဲ့ပညာရေး) ဆိုပြီးတော့ Workshops လုပ်ပါတယ်။ Workshops ကတော့ နှစ်ပိုင်းရှိတယ် ကြံ့ခိုင်စွမ်းအားနဲ့ ပညာရေးကို ဂီတမှာသုံးကြတဲ့အခါမှာ ဘယ်လိုမျိုးရှိတယ်ဆိုတာကို ဆွေးနွေးခဲ့တာပါ၊ ကျွန်မကတော့ ဒီနေ့ Education ဆိုတဲ့အတိုင်းပဲ High School lessons (အထက်တန်းကျောင်း သင်ခန်းစာတွေ) မှာ Jazz နဲ့သက်ဆိုင်တဲ့အရာတွေကို ဘယ်လို Apply လုပ်လဲ (အသုံးချ) ဆိုတာကိုပြခဲ့တာပါ။ ကိုယ့်ဘေးနားမှာပဲရှိတဲ့ အသံမြည်တဲ့အရုပ်ကလေးတွေကို Jazz ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ improvisation ပေါ့၊ အဲဒါတွေကို ဘယ်လို Apply လုပ်လဲ၊ ၉ တန်း ၁၀ တန်းတွေမှာ ဘယ်လိုအသုံးပြုလဲဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်”

ထိုင်းနိုင်ငံက တေးဂီတပညာရေးအကြောင်းလည်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံက ပြောင်းရွှေ့လာတဲ့ ဂီတပညာရှင်တွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ချိတ်ဆက်နိုင်ဖို့ မျှော်လင့်တယ်လို့ တေးသံရှင်အီတိုးက ဆိုပါတယ်။

“ထိုင်းရဲ့ Music Education Sense ကတော့ တစ်ခုဖြစ်နေပြီဆိုတော့ ဒီဘက်က စနစ်တွေ၊ ဒီဘက်ရဲ့ ဂီတသင်ရိုးညွှန်းတမ်းတွေ ဘယ်လိုလုပ်ထားတယ်ဆိုတာ ဒီဘက်ရောက်နေတဲ့မြန်မာတွေ အချိတ်အဆက် နည်းနေတာပေါ့နော်။ ဒါကို လှုံ့ဆော်ပေးနိုင်မလားပေါ့။ နောက်ပြီး တေးဂီတပညာရေးမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရှိနေတယ်ဆိုတာရယ်၊ Music ဆိုတာ ကဏ္ဍအကြီးကြီးပေါ့ ပညာရေး တစ်ခုတည်းမဟုတ်ဘူး။ ဂီတပညာရှင်ဖြစ်လာတဲ့ဟာတွေ ဂီတနဲ့ဆိုင်တဲ့စီးပွားရေးတွေက ထိုင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဘယ်လိုရှိတယ်ဆိုတာကိုပေါ့။ ဒီဘက်မှာရောက်နေတဲ့ မြန်မာတွေလည်း ရောက်နေပြီဆိုတော့လေ"

ဆက်နွှယ်သောသတင်းများ

ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ CI လက်မှတ် လျှောက်ထားမှု အချိန်ပိုပေးဖို့လိုOpens in new window ]

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ အနိမ့်ဆုံးလုပ်ခတိုး‌ရေး ကန့်ကွက်မှုတွေရှိနေOpens in new window ]

ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ပန်းချီနဲ့ပြသOpens in new window ]

ဒီလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာလည်း မြန်မာနိုင်ငံကဂီတအမျိုးအစားတွေနဲ့ ထိုင်းနိုင်ငံက ဂီတအမျိုးအစားတွေ ပေါင်းစပ် ဖျော်ဖြေမယ်လို့လည်း သူက ပြောပါတယ်။ ဒီဆွေးနွေးပွဲကို တေးဂီတပညာရေးကို စိတ်ဝင်စားတဲ့သူတွေ တက်ရောက်ကြပါတယ်။