ဒီတစ်ပတ်အစီအစဉ်မှာတော့ မကွေးတိုင်း ဆိတ်ဖြူမြို့နယ်ကစခန်းသိမ်းတိုက်ပွဲတစ်ခုအတွင်း ဒဏ်ရာအကြီးအကျယ်ရခဲ့ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ချို့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ကိုသက်တံ့ နဲ့စကားပြောထားပါတယ်။
ကိုသက်တံ့ဟာ မုန့်ဖုတ်သမားဘဝကနေ စစ်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တော်လှန်ရေးထဲရောက်သွားပြီး ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) မှာတာဝန်ထမ်းဆောင်နေပါတယ်။
ဒီအစီအစဥ်ကို RFA Burmese Website, RFA Burmese Facebook နဲ့ YouTube မှာ စနေနေ့ မြန်မာစံတော်ချိန် မနက် ၇ နာရီမှာအပတ်စဥ်ထုတ်လွှင့်နေတာဖြစ်ပါတယ်။
