မေလ ၁ ရက်နေ့ကစပြီး ၁၂ရက်နေ့အထိ ချင်းပြည်နယ် မင်းတပ်၊ တီးတိန် နဲ့ ဖလမ်းမြို့နယ်တွေမှာ စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၂၁ ဦးအထိ ရှိနေပါပြီ။
မင်းတပ်မြို့ကို စစ်တပ်က မေလ ၁၁ ရက်ညမှာ ၂ ကြိမ် နဲ့ ၁၂ ရက်နေ့မှာ ၉ ကြိမ် စုစုပေါင်း ၁၁ ကြိမ်တိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူ လေးဦးရှိတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) က ထုတ်ပြန်ပါတယ်။
မေလ ၆ ရက်နေ့ကတော့ တီးတိန်မြို့နယ် ဖူနွမ်းကျေးရွာက AG ဘုရားကျောင်းကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် PDF Zoland တပ်ဖွဲ့ဝင် ၇ဦးအပါအဝင် ဆယ်ဦး သေဆုံးခဲ့ပါတယ်။
မေလ ၁ ရက်နေ့မှာတော့ စစ်တပ်က ဖလမ်းမြို့နယ်က ခေါပွီးချစ်ပ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အသက် ၅လ ကနေ ၁ဝ နှစ်ကြားအရွယ် ကလေး ၆ ဦးအပါအဝင် ခုနစ်ဦး သေဆုံးခဲ့ပါတယ်။
