ကျောက်တော်တိုက်ပွဲ တပ်စခန်းကို AA သိမ်းပိုက်လို့ဆို

အောင်သိင်္ခ
2020.02.07

ကျောက်တော်မြို့နယ်အနီး ကုလားတန်မြစ်အရှေ့ဘက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်မတော်ရဲ့ဗျူဟားကုန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ နောက်ထပ်တစ်ကြိမ် အင်တာနက်ဖြတ်တောက်ပြီး နောက်ပိုင်း အစိုးရတပ်မတော်ကရက္ခိုင့်တပ်တော် AA ရှိတဲ့ နေရာတွေကို ကြည်၊ ရေ၊ လေ တပ်တွေ စုပေါင်းပြီး ထိုးစစ်တွေပြုလုပ်နေတယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့် ရှိသူခိုင်သုခ က RFA ကိုပြောပါတယ်။

ဘူးသီးတောင်၊ မြေပုံနဲ့ မင်းပြားမြို့နယ်တွေကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ဆက်သွယ်ဝန်ကြီးဌာနက အင်တာနက်နောက်တစ်ကြိမ် လိုင်းဖြတ်တောက်လိုက်ပါတယ်။

မနေ့က ကျောက်တော်အနီးမှာ ဖြစ်ပွားတဲ့တိုက်ပွဲမှာ မြန်မာ့တပ်မတော်ရဲ့ ဗျူးဟာကုန်းစခန်းတစ်ခုကို AA ကသိမ်းပိုက်လိုက်တယ်လို့ ခိုင်သုခ ကပြောပါတယ်။

ပလက်ဝမြို့နယ် မီးချောင်းတံတားအနီးက အစိုးရတပ်မတော်ရဲ့ လက်နက်ကြီးပစ်ကူစခန်းအနီးမှာလည်း တိုက်ပွဲတွေ ပြင်ထန်းခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း အစိုးတပ်မတော်က ဗိုလ်မှူးကြီး အဆင့်လောက်ရှိတဲ့ ဗျူဟားမှူးတစ်ဦးနဲ့ အတူအခြားတပ်ဖွဲ့ဝင်တွေကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA ဆီကို RFA ကဆက်သွယ်မေးမြန်းပေမယ့် ဘာမှမသိရသေးပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဗျူဟာမှူးဖမ်းဆီးခံရတယ်ဆိုတာ မဟုတ်ဘူးလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။