ထိုင်းနဲ့မြန်မာ အတွေ့အကြုံ ဖလှယ်ကြ

မြန်မာနိုင်ငံကို ရောက်နေတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဟာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ဒီကနေ့ ညနေက လာရောက်တွေ့ဆုံပြီး မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

2012.02.18
assk-abhisit-b305 ၂ဝ၁၂ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် (ဝဲ- ဒုတိယ) နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံအပြီး သတင်းထောက်များနှင့် စကားပြောစဉ်။
AFP

ဒီဆွေးနွေးပွဲမှာ ဒီမိုကရေစီ အကူးအပြောင်း ကာလကို ထိုင်းနိုင်ငံက ဘယ်လိ ုဖြတ်သန်းခဲ့တယ်၊ မြန်မာနိုင်ငံကလည်း ဘယ်လို ဖြတ်သန်းနေရတယ် ဆိုတဲ့ အတွေ့အကြုံတွေကို ဖလှယ်ခဲ့ကြကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ကလည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ ဒေသတွင်း တည်ငြိမ် ငြိမ်းချမ်းရေးအတွက် အရေးပါတယ်လို့ ပြောပါတယ်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲဟာ အနာဂတ် ကာလအတွက် အရေးကြီးသလို ဒေသတွင်း နိုင်ငံတွေအတွက်လည်း အရေးပါကြောင်း၊ မိမိတို့ ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံ ဖြစ်တာနဲ့အညီ မြန်မာပြည်ရဲ့ ငြိမ်းချမ်းသာယာ ဝပြောရေးကို လိုလားကြောင်း၊ မြန်မာနိုင်ငံရဲ့ လက်ရှိ အပြောင်းအလဲတွေကို ကြိုဆိုပေမယ့် နောက်ထပ်ဆက်ပြီး လုပ်ဆောင်ဖို့ ကျန်နေသေးကြောင်း ပြောသလို ထိုင်း-မြန်မာ နယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်တွေကိုလည်း လုံခြုံစိတ်ချရတဲ့ အချိန်ရောက်မှသာ မြန်မာနိုင်ငံ ပြန်ပို့မှာဖြစ်ကြောင်း ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-18 21:22

Great to see the two democratic leaders, together...