AI က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ဆု ပြန်ရုပ်သိမ်း

2018-11-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို Ambassador of Conscience Award ချီးမြှင့်စဉ်က မြင်တွေ့ရပုံ
AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို Ambassador of Conscience Award ချီးမြှင့်စဉ်က မြင်တွေ့ရပုံ
Photo: AFP

Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Ambassador of Conscience Award ခေါ် လူ့အခွင့်အရေးဆု ကို နိုဝင်ဘာ ၁၂ ရက်နေ့က ပြန်လည် ရုပ်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရင်ကထားရှိခဲ့တဲ့ ယုံကြည်ချက် အတွေးအခေါ် တန်ဖိုးတွေအပေါ် သစ္စာဖောက်ဖျက်ခဲ့တဲ့အတွက် ပြန်လည် ရုပ်သိမ်းတာဖြစ်တယ်လို့ AI ရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့က AI ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကုမိနိုင်ဒူး က ၂ဝဝ၉ ခုနှစ်က ချီးမြှင့်ခဲ့တဲ့ အဲဒီဆုကို ပြန်ရုပ်သိမ်းလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆီ စာရေး အကြောင်းကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ရိုဟင်ဂျာ မွတ်စလင်တွေ အကြမ်းဖက် ဖိနှိပ်ခံနေရတာနဲ့ ကချင် နဲ့ ရှမ်းပြည်တွေမှာ ဒေသခံတွေ ပြည်တွင်းစစ်ဒဏ် ခံစားနေရတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး သြဇာတွေကို အသုံးမပြုဘဲ နှုတ်ဆိတ်နေခဲ့တဲ့အတွက် လူ့အခွင့်အရေးဆုကို ပြန်ရုပ်သိမ်းတာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့