ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ စော်မူပလောကျေးရွာအုပ်စုအတွင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဘုရားကျောင်း တစ်ကျောင်းနဲ့ မူလတန်းကျောင်းတစ်ကျောင်း ပျက်စီးသွားခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU က ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
နိုဝင်ဘာလ ၉ ရက်နေ့၊ ဒီနေ့မနက် ၁ နာရီကျော်လောက်က စော်မူပလောကျေးရွာအုပ်စု၊ တာဘော်ကော်ဒဲရွာအတွင်းကို လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဘုရားကျောင်းအနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးသွားပေမယ့် လူထိခိုက်မှု ရှိ၊ မရှိကိုတော့ သတင်းမထုတ်ပြန်ထားပါဘူး။
ပျက်စီးဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး KNU ကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ မဖြေကြားသေး ပါဘူး။