အနိုင်ရ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် ထောင်ချခံရ

2016-01-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဌာနချုပ်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဌာနချုပ်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်အမျိုးသားပါတီ ANP ရဲ့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂) မဲဆန္ဒနယ်မှာ အနိုင်ရရှိထား တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကို မြေပုံမြို့နယ်တရားရုံးက အိမ်ကျော်နင်းမှု၊ ခြိမ်းခြောက်မှုစတဲ့ပုဒ်မ ၂ခုနဲ့ ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ပုဒ်မတစ်ခုစီအတွက် ထောင်ဒဏ် ၆ လစီ သီးခြားကျခံဖို့ မနေ့က အမိန့်ချလိုက်တာဖြစ်ပြီး အယူခံဆက်ဝင် သွားမယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

"ပါတီချင်းပြိုင်ကြတဲ့အခါမှာ အနိုင်ရလိုတဲ့ မသမာမှုတစ်ခုကို စတင်ပြီးတော့ အခုအနိုင်ရသွားပေမဲ့ တရားရုံးရဲ့ လုပ်ပိုင်ခွင့်ထဲက ထောင်ချလိုက်တယ်ဆိုတော့ ကျမတို့ ရခိုင်ပါတီရဲ့ ဆုံးရှုံးနစ်နာမှုတစ်ခုဟာ မျှော်မှန်းထားတဲ့ အတိုင်း ဆက်လက်ဖြစ်ပေါ်တယ်လို့ ကျမတို့သုံးသပ်ပါတယ်၊ ဒါပေမဲ့ ကျမတို့က မိမိတို့မှာရှိတဲ့ ဥပဒေပါ အခွင့်အရေးအတိုင်း အယူခံမှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) ကနေ ဦးလှအောင်ညွှန့်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာစံရွှေအောင်ကို ဆန္ဒမဲ ၂သောင်းကျော်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ပြည်နယ်ရွေးကောက်ပွဲဥပဒေအရ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ ထောင်ဒဏ်ချမှတ်ခံရရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်သွားပြီဖြစ်တယ်လို့ ရခိုင်ပြည်နယ် ရွေးကောက် ပွဲကော်မရှင်အရာရှိ ဦးသူရိန်ထွဋ်က ပြောပါတယ်။

"ထောင်ကျသွားပြီဆိုတော့ ရွေးကောက်ပွဲ ဥပဒေအရ ကိုယ်စားလှယ်အဖြစ်က အလိုအလျောက်ပျက်ပြယ် သွားပြီပေါ့၊ အဲ့နေရာက လစ်လပ်ဖြစ်သွားမှာပေါ့၊ ကြားဖြတ်မှပြန်ရွေးရမယ်"

အဲ့ဒီမဲဆန္ဒနယ်ဟာ လစ်လပ်သွားမှာဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှသာ ပြန်လည်ရွေးချယ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက ဒေါက်တာစံရွှေအောင်ရဲ့ လူမှုရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ပေးနေတဲ့ မင်းပြားမြို့ခံ အမျိုးသမီးတစ်ဦးကို အဲဒီလူမှုရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခြင်း မပြုဖို့ ဦးလှအောင်ညွှန့်က သွားရောက်တားဆီးခဲ့တာကြောင့် အိမ်ကျော်နင်းမှု၊ ခြိမ်းခြောက်မှု စတဲ့ ပုဒ်မ ၂ခုနဲ့ အဲဒီအမျိုးသမီးက ဦးလှအောင်ညွန့်ကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဦးလှအောင်ညွန့် ကို လက်ရှိ မြေပုံမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ကျောက်ဖြူအကျဉ်းထောင်ကို မကြာခင် ပြောင်းရွှေ့မယ်လို့ သိရပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ် ၂၃ ဦး ရွေးချယ် ခံထားရပြီး၊ တစ်ဦးက ကိုယ်စားလှယ်အဖြစ်ကနေ ပျက်ပြယ်သွားတာကြောင့် ၂၂ ဦးသာ ကျန်ပါတယ်။

ကွန်မင့်များ (3)
Share

ဒီမိုက​ရေစီအ​လေ့ကျင့်​​ကောင်းကို​မွေးမြူပါ

ခေါင်းစီးကြည့်​ရင်​ အပြုသ​ဘောမ​ဆောင်​ဖြစ်​​နေတယ်​။အပြုသ​ဘောနဲ့ တမျိုး​ပြောင်း​ရေးသင့်​တယ်​။ဘာလို့ လည်းဆိုရင်​ဘယ်​သူပဲဖြစ်​၂ တကယ်​အဲလို လုပ်​ခဲ့ရင်​ ​ပေးတဲ့အပြစ်​ကိုခံ ရ မှာပါ။တနည်းအာဖြင့်​ဒီမိုက​ရေစီဆိုတာတည်​ဆဲဥပ​ဒေနည်း ဥပ​ဒေများကို ​လေးစားလိုက်​နာကျင့်​ကြံတဲ့ အ​လေ့အကျင့့် ဟုဆိုလိုသည့်​အတွက်​ ကိုယ်​စားလှယ်​များက စံပြလုပ်​ရ မှာဖြစ်​ပါတယ်​။ဒါမှပြည်​သူတရပ်​လုံးက ယုံကြည်​အားကိုးမှာ ပါ။

Jan 31, 2016 09:21 PM

Khin

နေရပ်- Oversea

Law should be clear and no matter who is he or she. But justice to be equal for all.

Jan 30, 2016 02:48 PM

Km

နေရပ်- Ygn

It's good signal before new govt and this is kind rule of law should be done all areas and should equally treat to all people who are living in Myanmar. Everybody should treat equally under law even though whatever she or he without discriminate races and religious.

Jan 30, 2016 04:51 AM

ဆိုက်တခုလုံးသို့