ရခိုင်ဆရာတော်လွတ်မြောက်ရေး တိုကျိုမှာ ဆန္ဒပြတောင်းဆို

ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ ရခိုင်သမိုင်းပညာရှင် အသျှင် ဦးပညာစာရနဲ့ ရခိုင်ကျောင်းသား လူငယ် ၁၁ ဦးတို့ လွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံအခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာသံရုံးရှေ့မှာ သြဂုတ်လ ၁၇ ရက် ဒီကနေ့ မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။
2010-08-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဒီဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဦးဆောင်စီစဉ်သူ တဦးဖြစ်တဲ့ ဂျပန် ALD ပါတီ ဒု ဥက္ကဋ္ဌ ဦးထွန်းအောင်ခင် က အခုလို ပြောပါတယ်။

“စစ်တွေမှာ ရဟန်းသံဃာတော်ကို ဖမ်းထားတဲ့ ကိစ္စရယ်၊ ပြီးတော့ ရခိုင် ရှေးဟောင်း အမွေအနှစ်တွေကို စစ်အစိုးရ သိမ်းထားတဲ့ဟာ ပြန်ပေးဖို့ ဆိုပြီး တောင်းဆိုတာ ဖြစ်ပါတယ်။ စစ်အစိုးရနေပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်ပြီးတော့ မတရားပဲနဲ့ ကျောင်းသားတွေကို ဖမ်းထားတာကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတာ ဖြစ်ပါတယ်။”

ဆရာတော်ကို ဇူလိုင်လ ၂၆ ရက်နေ့က ဖမ်းဆီးပြီးနောက် သာသနာတော် ညှိုးနွမ်းမှု အပါအဝင် ပုဒ်မ ၇ ခုထက်မနည်း တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ဆရာတော်ကျောင်းမှာ ကျွေးမွေးစောင့်ရှောက်ထားတဲ့ မိဘမဲ့ကလေးငယ် တရာကျော်ကို စစ်အစိုးရက မကွေးတိုင်း၊ မင်းဘူးနဲ့ မန္တ္တလေးမြို့တွေကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီ ကလေးငယ်တွေကို စစ်တွေမြို့မိမြို့ဖများက အခြားဒေသတွေဆီကို မပို့ဖို့ မေတ္တာရပ်ခံခဲ့ပေမဲ့လည်း အာဏာပိုင်တွေက လျစ်လျူရှုခဲ့တယ်လို့ သိရပါတယ်။ အခု ဆရာတော်ကို စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီး ချုပ်နှောင်ထားကြောင်း သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့