ပြည်ထောင်စုလွှတ်တော်က ဦးထင်ကျော် ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်တဲ့အတွက် တပ်မတော်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ရှေ့ဆက်ရမယ့် ကိစ္စအရပ်ရပ်မှာ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဖံ့ွဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဦးထင်ကျော်ကို လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမေရိကန်သမ္မတ အိုဘားမားအပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ မနေ့က ပေးပို့ခဲ့ကြပါတယ်။
ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ရွေးကောက်ပွဲအပြီးမှာ ငြိမ်းချမ်းစွာ အာဏာလွဲှပြောင်းရေးအတွက် အတူတကွလက်တွဲဆောင်ရွက်ကြတဲ့ မြန်မာပြည်သူတွေနဲ့ အဖွဲ့အစည်းတွေကို ချီးကျူးထားပါတယ်။