သတင်းထောက်ဟောင်းတစ်ယောက်ဖြစ်ပြီး လတ်တလောမှာ Institute for Strategy and Policy-Myanmar (ISP - Myanmar) မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ကိုအောင်မျိုးထက်ကို ဧပြီ ၂၀ ရက်၊ ဒီနေ့ နေ့လယ်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့က လက်ဖက်ရည်ဆိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
"ရွာအိမ်ကနေ မြို့ပေါ်သွား၊ လက်ဖက်ရည်ဆိုင်ထိုင်တာကို ဝင်ဖမ်းသွားတာ။ ရွာမှာက အင်တာနက် မရတော့ ရတဲ့နေရာ သွားလုပ်ရတာပါ။ သတင်းပေးရှိတော့ ဖမ်းသွားတာ ထင်တယ်။ အခုထိတော့ စခန်းကို သွားမတွေ့ရသေးဘူး" လို့ ကိုအောင်မျိုးထက်ရဲ့ မိသားစုဝင်တစ်ယောက်က RFA ကို ပြောပါတယ်။
ကိုအောင်မျိုးထက် ဟာ The Voice ဂျာနယ်နဲ့ တနင်္သာရီ ဂျာနယ်မှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ လည်း ဖြစ်ပါတယ်။