အာဆီယံဝန်ကြီးတွေ ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့မယ်


2016.12.16
dassk-asean-620.jpg အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဇူလိုင်လ ၂၃ ရက်နေ့က လာအိုနိုင်ငံမှာ တွေ့ရစဉ်
Photo: MOI Webportal Myanmar

ရခိုင်ပြည်နယ်မြောက်ပိုင်းက အရှိန်မြင့်လာတဲ့ ပဋိပက္ခအရေးအလွတ်သဘောဆွေးနွေးဖို့ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်းဝင် ၁ဝ နိုင်ငံစလုံးက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ရန်ကုန်မြို့မှာ ဒီလ ၁၉ ရက်မှာ တွေ့ဆုံကြပါမယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ နေပြည်တော်မှာ ဒီလ ၆ ရက်က တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ခုလိုတွေ့ဆုံကြမှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ အတိမ်း အစောင်းမခံတဲ့ ပြည်တွင်းရေးကိစ္စကို အရင်ကမဆွေးနွေးဖူးတာကို အာဆီယံက ဆွေးနွေးတာ မျိုးလည်းဖြစ်ပါတယ်။

အာဆီယံဝန်ကြီးတွေကို ရန်ကုန်ဆီဒိုးနားဟိုတယ်မှာ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ကိစ္စ ရှင်းပြမယ်လို့ မျှော်လင့်ရတဲ့ အကြောင်း Nikkei Asian Review သတင်းက ဖော်ပြပါတယ်။

အာဆီယံ ရှစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တို့ ဒီဆွေးနွေးပွဲတက်ရောက်ဖို့ သဘောတူ ထားပါတယ်။

အာဆီယံကိုယ်စားလှယ်တွေကို နေပြည်တော်မှာတွေ့ဆုံရအောင် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားဖိုပ ဆုံးဖြတ်တာကို ဒေသတွင်း အစိုးရတွေက အံ့သြ သင့်ကြပါတယ်။

မွတ်ဆလင်ရိုဟင်ဂျာတွေနဲ့ ဗုဒ္ဒဘာသာဝင်တွေကြား ကာလရှည်ကြာတင်းမာနေတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး ထင်မြင်ချက် တစုံတရာပေး ဖို့ ဒေါ်အောင်ဆန်းစုကြည်က အစောပိုင်းမှာ ငြင်းခဲ့တာပါ။

ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာမှာ မွတ်ဆလင်အများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ပိုမိုစိုးရိမ်ပူပန်နေရတယ်လို့ အင်ဒိုနီးရှားဝန်ကြီး က ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားပြီးတဲ့နောက် ရန်ကုန်မှာ အစည်းအဝေးကျင်းပဖို့ ဖိတ်ခေါ်တာလို့ အာဆီယံ အဆင့်မြင့်အသိုင်းအဝိုင်း က ပြောတဲ့ အကြောင်း သတင်းမှာဖော်ပြပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်ကို မသွားရောက်ခင် အင်ဒိုနီးရှားအစ္စလမ္မစ် ပင်မအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။