ပြင်သင့်တဲ့ ဥပဒေများကို ပြင်ဖို့ ကြိုးပမ်းမယ်

မိမိ လွှတ်တော်ထဲကို ရောက်ရင် ပြင်သင့်တဲ့ ဥပဒေတွေကိုပြင်ဆင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအနေနဲ့ကြိုးစားသွားမယ်လို့ ဒီကနေ့ တနင်္သာရီတိုင်း စည်းရုံးရေး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

2012.01.29
assk-dawei-trip ဇန်နဝါရီလ ၂၉ ရက်နေ့က တနင်္သာရီတိုင်း ထားဝယ်မြို့ခရီးစဉ်အတွင်း ထားဝယ်မြို့ခံ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေပုံ။
DaweiMyoDaw Facebook Page

ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့မနက် က ထားဝယ်မြို့ကိုလေယာဉ်နဲ့ ရောက်ရှိလာချိန်မှာ မြို့ခံ ပြည်သူလူထု သိန်းနဲ့ချီပြီး ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ လာရောက်အားပေးတဲ့ ပြည်သူတွေကို မိန့်ခွန်းပြောကြားရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်လို့ ပြင်သင့်တာတွေကို လွှတ်တော်တွင်းမှာ ပြင်ဆင်နိုင်အောင် ကြိုးစားသွားမယ်လို့ ထည့်သွင်းပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မောင်းမကန်ကမ်းခြေဘက်က ကျေးရွာတွေကိုလည်း သွားရောက်ခဲ့ပြီး လောင်းလုံမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးအတွက် စည်းရုံးဟောပြောခဲ့ပါတယ်။ ဒါ့အပြင် ထားဝယ်မြို့က NLD ပါတီတိုင်းရုံး ဆိုင်းဘုတ်တင်အခမ်းအနားကိုလည်းဖွင့်လှစ် ပေးခဲ့ပါတယ်။

တနင်္သာရီတိုင်း ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီဥက္ကဌအဖြစ် တာဝန်ယူပြီးတဲ့နောက် ပထမဆုံးနယ်စည်းရုံးရေးခရီးစဉ်လည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-01-29 22:29

ကျိုးစားထားပါ အမေစု ကျွန်တော်တို့ကကိုယ်ကိုတိုင်ဘာမှလုပ်နိုင်စွမ်းရည်တော့မရှိပါဘူးဒါပေမဲ့ပြည်သူကိုသနားတယ်၊ချစ်တယ်၊ပြည်သူတွေချမ်းသာတာအဆင်ပြေနေတာပဲမြင်တွေ့ချင်ပါတယ်၊ဒါကြောင့်အမေစုပဲအားကိုးရတာပါဗျာ၊ကျွန်တော်တို့လဲတတ်နိုင်တဲ့ဘက်ကအမေစုကိုကူညီခွင့်ရရင်ကူညီသွားမှာပါ။

Anonymous
2012-01-29 07:53

MAY MAY,U R THE ONE WE ARE LEADER ME NEVER BELIVE ALL MYANMAR PEOPLES , THEY ARE CAT, THER GUU

Anonymous
2012-01-29 17:05

အမေစုယခုလိုပြောဆိုလိုက်ခြင်းဟာနိုင်ငံသားအားလုံးရဲ့ မြော်လင့်ချက်အလင်းရောင်ကိုမြှင့်တင်ပေးလိုက်တာပါ။