ပုဂံဘုရား ၂၅ဝ နီးပါး ပြုပြင်ပြီးစီး


2017.05.07
bagan-earthquake-620.jpg ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ငလျင်ကြောင့် ကွမ်းတောင်ပြိုကျသွားခဲ့တဲ့ ပုဂံမြို့က စူဠာမဏိဘုရားကို တွေ့ရစဉ်
Photo: RFA
ပြီးခဲ့တဲ့ နှစ် သြဂုတ်လက လှုပ်ခဲ့တဲ့ငလျင်ကြောင့် ပုဂံမှာ ထိခိုက်ပျက်စီးခဲ့ရတဲ့ ဘုရားစေတီပေါင်း ၃၈၉ ဆူထဲက ၂၄၉ ဆူကို ပြုပြင်ပြီးစီးခဲ့ကြောင်း သိရပါတယ်။

ပုဂံစေတီပြုပြင်ရေး ၄ နှစ် စီမံကိန်းအရ ကျန်တဲ့ စေတီ ၁၄ဝ ကိုလည်း ဆက်လက်ပြုပြင်သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်၊ သြဂုတ်လ ၂၄ ရက်နေ့က ပြင်းအား ၆.၈ ရှိတဲ့ ငလျင်ကြောင့် ပုဂံဘုရား လေးရာနီးပါး ထိခိုက်ပျက်စီး ခဲ့ရပါတယ်။

ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်ဖို့အတွက် အစိုးရက ကုလသမဂ္ဂ ယူနက်စကိုနဲ့ ပူးပေါင်းဆောင် ရွက်နေပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။