မုံရွာမြို့ ချင်းတွင်းမြစ်တံတားအောက်မှာ ရေယာဉ်နှစ်စီး တိုက်မိ


2019.05.26
monywa-boat-accident-622.jpg မုံရွာမြို့ ချင်းတွင်းမြစ်တံတားအောက်မှာ ကုန်တင်ရေယာဉ်နဲ့ ဖောင်တွဲရေယာဉ်တို့ ၂ဝ၁၉ ခုနှစ် မေလ ၂၆ ရက်နေ့က တိုက်မိခဲ့စဉ်
Photo: Aung Nay Myo

မုံရွာမြို့ ချင်းတွင်းမြစ်တံတားအောက်မှာ ကုန်တင်ရေယာဉ်နဲ့ ဖောင်တွဲရေယာဉ်တို့ တိုက်မိတာကြောင့် ကလေး နှစ်ယောက်အပါအဝင် လူ ငါးယောက် သေဆုံးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီကနေ့ မနက် ရှစ်နာရီလောက်မှာ တိုက်မိတာဖြစ်ပြီး အသက် ကိုးလအရွယ်နဲ့ ခုနှစ်နှစ်အရွယ် ကလေး နှစ်ယောက်နဲ့ အမျိုးသား သုံးယောက် သေဆုံးတာဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ မုံရွာမြို့နယ် အလုံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခိုင်မိုးဦးက ပြောပါတယ်။

အဲဒီနေရာကို တိုင်းအစိုးရအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့အစည်းတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ သွားရောက်ကူညီပေးတာဖြစ်ပြီး နေ့လယ် ၁၂ နာရီလောက်မှာ သေဆုံးသူတွေအားလုံးကို ဆယ်ယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။