ဟားခါးမြို့မှာ ဗုံးပေါက်ကွဲခဲ့လို့ CDF လူငယ် သုံးဦး သေဆုံး

2021.06.06
ဟားခါးမြို့မှာ ဗုံးပေါက်ကွဲခဲ့လို့ CDF လူငယ် သုံးဦး သေဆုံး ချင်းပြည်နယ် ‌မြောက်ပိုင်း ဟားခါးမြို့မှာ ၂၀၂၁ ဇွန်လ ၅ ရက်နေ့က ဗုံးပေါက်ကွဲခဲ့လို့ သေဆုံးခဲ့တဲ့ လူငယ် သုံးဦးကို တွေ့ရစဉ်
Photo: CJ

ချင်းပြည်နယ် ‌မြောက်ပိုင်း ဟားခါးမြို့မှာ ဇွန်လ ၅ ရက် မနေ့ညနေပိုင်းက မြို့သစ်ရပ်ကွက်က နေအိမ် တစ်အိမ်မှာ ဗုံးပေါက်ကွဲခဲ့လို့ လူငယ် သုံးဦး သေဆုံးခဲ့တယ်လို့ ဟားခါး CDF အဖွဲ့က ‌ပြောပါတယ်။

"ကျွန်တော်တို့ CDF အဖွဲ့ဝင် သုံးယောက်နေတဲ့ အိမ်နားမှာ ဗုံးပေါက်တာ။ သုံးယောက်လုံး သေသွားတယ်၊ နှစ်ယောက်ကတော့ ပွဲချင်းပြီးပဲ။ တစ်ယောက်ကတော့ ဆေးရုံပို့ဖို့ လုပ်တဲ့ချိန် ဆုံးသွားတာ။ အခုထိ ဘယ်သူလုပ်တာလဲ၊ ဘယ်လို ပေါက်ကွဲတာလဲဆိုတာ မသိရသေးဘူး" လို့ ဟားခါး CDF အဖွဲ့ဝင်တစ်ဦးက RFA ကို ‌ပြောပါတယ်။

ဟားခါးမြို့မှာ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီက မြို့တွင်း လမ်းသွား၊ လမ်းလာသူ အယောက် ၄၀ ကျော်ကို ဖမ်းဆီးထားတဲ့အပြင် သေဆုံးသူ CDF အဖွဲ့ဝင် ‌သုံးဦးရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးထားတယ်လို့ ဒေသခံ တွေက ဆိုပါတယ်။

‌ဗုံးပေါက်ကွဲမှု‌‌‌ကြောင့် သေဆုံးခဲ့သူတွေဟာ ဆလိုင်း Phun Sang၊ ဆလိုင်းTial Chawnနဲ့ ဆလိုင်း Lai Kulh Thang ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။