စစ်ကောင်စီကို ဗြိတိန်ဘုရင်မကြီးဈာပန မဖိတ်ကြား

လာမယ့် စက်တင်ဘာလ ၁၉ ရက် တနင်္လာနေ့မှာ ပြုလုပ်မယ့် ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ရဲ့ နိုင်ငံတော်ဈာပနအခမ်းအနား တက်ရောက်ဖို့ အတွက် မြန်မာစစ်ကောင်စီကို ဖိတ်ကြားထားတာမရှိဘူးလို့ ဗြိတိန်အစိုးရ အရာရှိတစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဈာပနအခမ်းအနားတက်ရောက်ဖို့ မြန်မာ၊ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတို့ကို ဖိတ်ကြားထားတာမရှိသလို အီရန်နိုင်ငံကိုလည်း သံအမတ်အဆင့်ပဲ ဖိတ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ဗြိတိန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာပါနေတဲ့အတွက် မဖိတ်ကြားတာလို့ သတင်းမှာ ဖော်ပြပါတယ်။

2022-09-13T101435Z_2054492183_RC2RFW9LBICZ_RTRMADP_3_BRITAIN-ROYALS-QUEEN.JPG
Queen Elizabeth II death Royal guards carry Queen Elizabeth II's coffin as it arrives at St Giles' Cathedral, Edinburgh for a Service of Prayer and Reflection for her life. Picture date: Monday September 12, 2022. Murdo MacLeod/The Guardian/Pool via REUTERS (POOL/via REUTERS)

ဗြိတိသျှထီးနန်းမှာ သက်တမ်းအရှည်ကြာဆုံး အုပ်စိုးခဲ့တဲ့ အသက် ၉၆ နှစ်အရွယ် ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးဟာ စက်တင်ဘာ ၈ ရက်နေ့မှာ ကွယ်လွန်သွားတာပါ။

ဗြိတိန်နဲ့ သံတမန်ဆက်ဆံရေးရှိတဲ့ နိုင်ငံတကာက အစိုးရဧည့်သည်တော်ငါးရာခန့် ဘုရင်မကြီးရဲ့ ဈာပနကို တက်ရောက်ဖို့ရှိတယ်လို့ ဘီဘီစီသတင်းက ဖော်ပြပါတယ်။

2022-09-13T094524Z_423990788_RC29GW9WARUZ_RTRMADP_3_BRITAIN-ROYALS-QUEEN.JPG
Britain mourns Queen Elizabeth A view of floral tributes laid at Green Park, following the death of the queen, near Buckingham Palace in London, Britain, September 13, 2022. REUTERS/Maja Smiejkowska (MAJA SMIEJKOWSKA/REUTERS)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ကနေဒါ၊ ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေက ဝန်ကြီးချုပ်တွေလည်း ဈာပနတက်ရောက်ဖို့ အတည်ပြုထားပါတယ်။ ဒီဈာပနဟာ နှစ်ပေါင်းများစွာအတွင်း ဗြိတိန်ရဲ့ သံတမန်တွေ့ဆုံပွဲတစ်ခု ဖြစ်လာဖွယ်ရှိနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ဘုရင်မကြီး ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း နိုင်ငံတကာကခေါင်းဆောင်တွေ ထုတ်ပြန်ပြောဆိုနေကြပေမယ့် မြန်မာစစ်တပ်ကတော့ ဘာတစ်ခုမှ ပြောဆိုတာ မရှိဘဲ နှုတ်ဆိတ်နေပါတယ်။