ဘာသာရေးဖိနှိပ်မှုအဆိုးဆုံးနိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံ ထိပ်ဆုံးမှ ပါဝင်

အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၀ခုနှစ်အတွက် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ အစိုးရိမ်ရဆုံး ၈ နိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံက ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။

2010-11-18
Share
monk_security_305_z.jpg ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းဖြိုခွဲခဲ့သည့် တနှစ်မြောက် နှစ်ပတ်လည် ၂၀၀၈ စက်တင်ဘာ ၂၇ရက်နေ့က လုံခြုံရေး ထူထပ်စွာ ချထားသော ရန်ကုန်မြို့တွင် သံဆူးကြိုး အရံအတားများ ကြားမှ ဆွမ်းခံကြွနေသော သံဃာတပါး ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

စစ်အစိုးရဟာ ဘာသာရေး လှုပ်ရှားမှုတွေကို ကန့်သတ် ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဆိုင်ရာ Michael Posner က သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာပြည်မှာ ဗုဒ္ဓဘာသာ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေကို စစ်အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားဆဲ ဖြစ်သလို အခြား လူနည်းစု ဘာသာဝင်တွေကိုလည်း ခွဲခြားဖိနှိပ်ထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတယ်ဆိုပေမဲ့ နိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော် အထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ဘာသာရေးအဖိနှိပ်ဆုံး နိုင်ငံစာရင်းထဲမှာ မြန်မာ၊ တရုတ်၊ အီရန်၊ မြောက်ကိုးရီးယား၊ ဆော်ဒီအာရေဗျ၊ ဆူဒန် စတဲ့ နိုင်ငံတွေဟာ အဆိုးဆုံး နိုင်ငံတွေ ဖြစ်တယ်လို့ အဲဒီ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့