ကလေးစစ်သား ၅၅ ဦး မိဘထံ အပ်နှံ


2016.09.10
child-soldier-620.jpg မြန်မာတပ်မတော်က ကလေးစစ်သား ၅၅ ဦးကို စက်တင်ဘာလ ၉ ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်စဉ်
Photo: Unicef Myanmar/ Facebook

မြန်မာတပ်မတော်က ကလေးစစ်သား ၅၅ ဦးကို ထပ်မံလွှတ်ပေးလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက သောကြာနေ့ မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ၂ဝ၁၂ ခုနှစ်ကနေ ဒီနေ့အထိ မြန်မာ့တပ်မတော်က ပြန်လည်လွှတ်ပေးခဲ့တဲ့ ကလေးစစ်သားဦးရေ ၈ဝဝ ခန့်ရှိပြီလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနိုင်းဆောင်ရွက်ရေးမှူး Renata Dessallien ရီနာတာ ဒက်စ်ဆယ်လီယံ က အခုလို လွှတ်ပေးမှု အတွက် ဝမ်းသာကြောင်းပြောဆိုကာ မြန်မာ့တပ်မတော် အနေနဲ့ ကလေးစစ်သား စုဆောင်းမှုတွေ နောက်ထပ်ပေါ်ပေါက်ခြင်းမရှိအောင် တတ်နိုင်သမျှကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

မနေ့က ပြန်လွှတ်ပေးလိုက်တဲ့ ကလေးစစ်သားအားလုံး ၁၈ နှစ်အောက်တွေဖြစ်ပြီး မိဘတွေက ရန်ကုန်မြို့မှာ လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ သူတို့ကို ကျောင်းပြန် တက်ချင်သလား၊ အသက်မွေးပညာ သင်ကြားလိုသလား မေးမြန်းကူညီမှာဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ ယူနီဆက် UNICEF  အရာရှိတဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။