တရုတ်အင်ဂျင်နီယာ ၄ ဦး ပျောက်ဆုံးမှု တရားခံရှာမတွေ့သေး

ရှမ်းပြည်နယ်မှာ တည်ဆောက်နေတဲ့ တာ့ဆန်း ရေကာတာ စီမံကိန်းမှာ အလုပ်လုပ်နေတဲ့ တရုတ် အင်ဂျင်နီယာ ၄ ယောက် အခုလ ၁၇ ရက်နေ့က ပျောက်ဆုံးခဲ့ပြီးတဲ့ နောက် ခုချိန်အထိ အခြေအနေကို အတိအကျ မသိရသေးပါဘူး။
2011-05-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဒီပျောက်ဆုံးမှုမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့ ပတ်သက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် တရုတ်အာဏာပိုင်တွေက SSA တောင်ပိုင်းအ ဖွဲ့ကို ဆက်သွယ် မေးမြန်းတာတွေ လုပ်တယ်ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။ ဒါပေမဲ့ RFA က မေးမြန်းချက်အရ SSA-တောင်ပိုင်းအဖွဲ့က မိမိတို့နဲ့ ပတ်သက်ခြင်း မရှိဘူးလို့ ပြောပါတယ်။

ဒီအကြောင်း အသေးစိတ်ကို RFA သတင်းထောက် ကိုရဲထက်က သတင်းပေးပို့ထားပါတယ်။

သတင်းပေးပို့ချက်
အသံဖိုင်ယူရန်
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့