မြန်မာ-တရုတ် စီးပွားရေးစြင်္ကံန် ရုံးကို နေပြည်တော်မှာ မနေ့က ဖွင့်လှစ်လိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Hong Liang ဟောင်လျန်းက ဒီရုံးခန်းဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာအစိုးရ ဌာနဆိုင်ရာတွေအကြား ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အကျိုးပြုမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒီစြင်္ကံန်ကို အသုံးပြုပြီး ကုန်သွယ်မြှုပ်နှံမှုတွေ မြှင့်တင်ဖို့အတွက် မြန်မာ တရုတ် လုပ်ငန်းရှင် အသင်းကိုလည်း မြန်မာနိုင်ငံ စက်မှုနဲ့ လုပ်ငန်းရှင်များအသင်းရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းလိုက်ပြီလို့ တရုတ် သံအမတ်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံဟာ အာရှတိုက်ကနေ အာဖရိကတိုက်နဲ့ ဥရောပတိုက်ကို ဆက်သွယ်ဖို့ တရုတ်ပြည်က ဆောင်ရွက်နေတဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းအတွက် အဓိကကျတဲ့ မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်တယ်လို့လည်း တရုတ်အစိုးရ အာဘော် ဆင်ဝှာ သတင်းမှာ ဖော်ပြထားပါတယ်။