ဘာသာရေးတင်းမာမှု လျှော့ ပါးရေး ဒေါ်အောင်ဆန်းစုကြည်ကို ဒလိုင်းလားမား တိုက်တွန်း

2016-06-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား ကို တွေ့ရစဉ်
တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား ကို တွေ့ရစဉ်
Photo: Wikipedia

တိဘက်ဘုန်းတော်ကြီးဒလိုင်းလားမားက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဒဘာသာ ဝင်တွေနဲ့ ရိုဟင်ဂျာ မွတ်စလင်လူနည်းစုတွေအကြား တင်းမာမှုတွေလျော့ပါးအောင် ဆောင်ရွက်သင့်တယ်လို့ မနေ့ကပြော ကြားလိုက်ပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေခိုက် ရိုက်တာ သတင်းဌာန က တွေ့ဆုံမေးမြန်းရာမှာ ဒလိုင်းလားမားက ဒေါ်အောင်ဆန်းစုကြည်ကို ဒီကိစ္စအတွက် သူဆက်သွယ်မေးမြန်းခဲ့ရာမှာ  ရခိုင်ပြည်နယ်က အခြေအနေတွေဟာ အင်မတန် သိမ်မွေ့နက်နဲ ရှုပ်ထွေးနေကြောင်း သူ့ကိုပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘုန်းတော်ကြီး ဒလိုင်းလားမားက မြန်မာပြည်မှာရှိတဲ့ သံဃာတချို့ဟာ မွတ်စလင်တွေအပေါ် အဆိုးမြင်အယူဝါဒတွေရှိနေကြောင်းနဲ့ တကယ်လို့သာ ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိနေမယ်ဆိုရင် အဲဒီမွတ်စလင်တွေကိုလည်း ညီအကိုမောင်နှမတွေအဖြစ် ကာကွယ်စောင့်ရှောက်မှာ မုချဖြစ်ကြောင်း ဒလိုင်းလားမားကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်ပြည်နယ်ကအခြေအနေတွေကို လက်တွေ့ကျကျ ဖြေရှင်းဖို့အတွက် သက်ဆိုင်သူအားလုံး အပြုသဘောပါဝင် ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း၊ ဒီကိစ္စကို အချိန်ယူဖြေရှင်း ရမှာဖြစ်ကြောင်းနဲ့ ထိလွယ်ရှလွယ်ဖြစ်တဲ့ ပြဿနာတွေကို စိတ်လိုက်မာန်ပါ ဖြေရှင်းလို့မရနိုင်ကြောင်း ပြီးခဲ့တဲ့ လက ပြောကြားခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့