အာဆီယံ ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြိုတင်ဆွေးနွေး

2019-06-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၉ မေ ၂၇ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဉ်
အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၉ မေ ၂၇ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံမှာ ဒီကနေ့ စတင်ကျင်းပမယ့် အာဆီယံ ညီလာခံကို တက်ရောက်ဖို့ ပြင်ဆင်တဲ့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လာအို၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် သံအမတ် ကြီးတွေအပြင် အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi လင်ဂျုတ်ဟွိုင် တို့ကို ပြီးခဲ့တဲ့ ၁ လအတွင်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မနေ့က ရရှိတဲ့ ကျိုဒို သတင်းအရဆိုရင် အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ ပြီးခဲ့တဲ့ မေလ ၂၇ နေ့က နေပြည်တော်မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ်က လက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရေးအတွက် အာဆီ ယံနိုင်ငံတွေနဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

အာဆီယံ ညီလာခံကို ဘန်ကောက်မြို့မှာ ဇွန်လ ၂၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။ ညီလာခံအပြီး အာဆီယံ ဥက္ကဋ္ဌ က ထုတ်ပြန်မယ့် ကြေညာချက် မူကြမ်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင်တွေ လုံခြုံစိတ် ချစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးအတွက် အာဆီယံခေါင်းဆောင်တွေက အခိုင်အမာ လိုလားပုံကို ထပ်မံ ဖေါ်ပြထားတယ်လို့လည်း ဆိုပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့