လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တရားဝင်မှတ်ပုံတင်မည်

2013-09-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ဇန်နဝါရီလ ၁၆ရက်နေ့က ရန်ကုန်မြို့ Home ခန်းမ မှာ ပြောကြားနေစဉ်
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ဇန်နဝါရီလ ၁၆ရက်နေ့က ရန်ကုန်မြို့ Home ခန်းမ မှာ ပြောကြားနေစဉ်
Photo: RFA/Thiha Tun

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ လာမယ့်နှစ်လအတွင်း တရားင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သွားမယ်ို့ သိရပါတယ်။

၈ လေးလုံး အရေးတော်ပုံကာလနောက်ပိုင်း ကျောင်း သားလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ အဲဒီလိုမှတ်ပုံတင်နိုင်ဖို့အတွက် အစိုးရအဖွဲ့တာဝန်ရှိသူတွေအပါအင် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်နဲ့ပါ တွေ့ဆုံဆွေးနွေး ခဲ့ြပီးဖြစ်တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က RFA ကို အခုလို ပြောပါတယ်။

ကျနော်တို့ ပါတီမှတ်ပုံတင်ရေးနဲ့ ပတ်သက်လို့ ရက်အတိအကျ မသတ်မှတ်ရသေး ဘူး၊ လောလောဆယ်တော့ ကျနော်တို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဆွေးနွေးတဲ့အခါကျတော့ ကျနော်တို့ကို အချက် ၆ ချက်ပေါ့နော် သူတို့ကတိပေးထားပါတယ်၊ ကျနော်တို့ကတော့ တည်ဆဲဥပဒေအရ ပါတီကိုမှတ်ပုံတင်ရမှာဖြစ်ပါတယ်၊ မှတ်ပုံတင်နိုင်ဖို့အတွက်ကို ရွေးကောက်ပွဲကော်မတီနဲ့လည်း နှစ်ကြိမ်တိတိတွေ့ပြီးပါပြီ ”

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ၁၉၉ ရွေးကောက်ပွဲအပြီး နောက်ပိုင်း တရားဝင်ပါတီအဖြစ်မှ ပယ်ဖျက်ခံရြပီး ထိုင်း-မြန်မာနယ်စပ်ကို ပြောင်းရွှေ့အခြေစိုက်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့