ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ စနစ်လေ့လာရေးကော်မရှင် PR စနစ် ဆွေးနွေး

2014-08-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံနဲ့သင့်တော်မယ့် ရွေးကောက်ပွဲစနစ် လေ့လာရေး ကော်မရှင် အဖွဲ့ဝင်တွေဟာ လက်ရှိကျင့်သုံးနေတဲ့ရွေးကောက်ပွဲစနစ်နဲ့ အချိုးကျကိုယ်စားပြုစနစ်တို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။

ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ဒီနေ့ဆွေးနွေးတာနဲ့ပတ်သက် ပြီး အခုလိုပြောပါတယ်။

"ရွေးကောက်ပွဲစနစ်တွေကို လေ့လာတဲ့သဘောမျိုးပေါ့၊ PR  အားသာချက်အားနည်းချက်ပေါ့၊ အဲ့ဒီအပေါ်မှာမှ တိုင်းရင်းသားတွေရဲ့ ဆွေးနွေးချက်ပေါ့၊ ကိုယ်စားလှယ်တွေ ဆွေးနွေးချက်ပေါ့လေ၊ အထူးသဖြင့် တိုင်းရင်းသားတွေက အများအားဖြင့်ဆွေးနွေးကြတာပေါ့၊ PR အပေါ်မှာ မေးခွန်းတွေမေး တာများတယ်ဗျာ၊ အဲ့ဒီအချိုးကျစနစ်ပေါ်မှာ မေးတာများတော့ဗျာ၊ အဲ့ဒီဥစ္စာကို ဖြေတယ်ဗျာ၊ တိုင်းရင်းသားတွေရဲ့ ပြည်သူ့လွှတ်တော်အတွင်း ဝင်ရောက်လာမှုအတွက် ဘယ်လိုအာမခံချက်ပေးနိုင်မလဲ၊ ဒီရွေးကောက်ပွဲစနစ်တစ်ခုက ဘယ်လိုဖော်ဆောင်ပေးနိုင်မလဲပေါ့၊ စသည်ဖြင့် အဲ့အမေးတွေတွေကို ပြန်ဖြေနေရတယ်၊ သူ့ကဏ္ဍအလိုက် ရှင်းပြရတာပေါ့လေ"

နိုင်ငံတကာရွေးကောက်ပွဲစနစ်တွေကို လေ့လာစောင့်ကြည့်နေကြတဲ့ ပညာရှင်တွေ၊ အငြိမ်းစား သံအမတ်တွေနဲ့ ဥပဒေပညာရှင်တွေကို ဖိတ်ခေါ်ပြီးဆွေးနွေးနေကြတာဖြစ်ပါတယ်။

ကော်မရှင်အစည်းအဝေးကို နေပြည်တော် ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမမှာ မနေ့က စတင် ဆွေးနွေးခဲ့ တာဖြစ်ပြီး နောက်ထပ် ၁၅ရက်လောက်အထိ နေ့စဉ်ဆွေးနွေးသွားမှာဖြစ်ပြီး  ပြည်ထဲရေး ၀န်ကြီးဌာန၊ လူဝင် မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက တာဝန်ရှိသူတွေလည်း ပါဝင် ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ကွန်မင့်များ (2)
Share

(Yangon.

နေရပ်- Yangon.

Hlaw Daw is wasting time by beating the bush for Election system while people desire is so clear but not PR.

Aug 29, 2014 02:46 PM

အမည်မဖော်လိုသူ

နေရပ်- ဘာမှန်း ညာမှန်း မသိ

ကျပ်မပြည့်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေ
ကျပ်မပြည့်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ
ကျပ်မပြည့်တဲ့ PR စနစ်

Aug 29, 2014 02:56 AM

ဆိုက်တခုလုံးသို့