သံရုံးတွေ ပုဂ္ဂလိကဘဏ်မှာ စာရင်းဖွင့်နိုင်


2016-03-23
Share
kbz-bank-620.jpg ရန်ကုန်မြို့က ကမ္ဘောဇဘဏ် တစ်ခုကို တွေ့ရစဉ်
Photo:www.mmbiztoday.com

မြန်မာနိုင်ငံမှာတာဝန်ကျတဲ့ သံတမန်အဖွဲ့အစည်းတွေအနေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာ ငွေစာရင်းဖွင်ဖို့ ဗဟိုဘဏ်က ခွင့်ပြုလိုက်ပြီလို့ မနေ့က ကြေညာပါတယ်။

အရင်ကဆိုရင် သံရုံးတွေအနေနဲ့ နိုင်ငံခြားငွေ လွှဲပြောင်းမှုတွေအတွက် အစိုးရပိုင် ဘဏ်တွေမှာပဲ ငွေစာရင်း ဖွင့်ခွင့်ရှိခဲ့တာကြောင့် အခုဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံဘဏ်လုပ်ငန်းရဲ့ ပိုပြီးကျယ်ပြန့်ပွင့်လင်းလာ တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊  သံတမန်တွေအတွက် ပိုပြီးအဆင်ပြေလာမှာဖြစ်သလို ပုဂ္ဂလိကဘဏ်တွေ အတွက်လည်း အကျိုးရှိလာမှာဖြစ်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အတိုင်ပင်ခံ ဦးသန်းလွင် က ပြောဆို တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့