အစိုးရလူ့အခွင့်အရေး ကော်မရှင် သံသယဝင်နေကြ
မြန်မာအစိုးရက စက်တင်ဘာ (၅) ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်တဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ နယ်စပ် တိုင်းရင်းသားဒေသ အတွင်းက လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတာတွေကို တကယ်ပဲ လွတ်လွတ် လပ်လပ် စုံစမ်းဖေါ်ထုတ်မှာလား ဆိုတာကို တိုင်းရင်းသား
လူ့အခွင့်အရေး အဖွဲ့တွေက သံသယ ရှိနေကြပါတယ်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှု၊ မြေယာ သိမ်းဆည်းခံရမှု နဲ့ အိုးအိမ်စွန့်ခွါ ပုန်းရှောင်ပြေးလွှား နေရတာတွေလည်း ဆက်လက်ဖြစ်ပေါ်နေဆဲပဲလို့ တိုင်းရင်းသားတွေက ပြောကြပါတယ်။ ဦးဉာဏ်ဝင်းအောင် ရဲ့စုစည်းတင်ပြချက်မှာ နားဆင်ပါ။