ကလေးနဲ့ အမျိုးသမီးများ အကာအကွယ်ပေးရေး သဘောတူညီချက် KNU လက်မှတ်ထိုး

2013-07-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ စစ်ပွဲအတွင်းမှာ ကလေးစစ်သား အသုံးမပြုရေးနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ခြင်း သဘောတူညီ ချက်စာချုပ်ကို Switzerland နိုင်ငံအခြေစိုက်  Geneva Call အဖွဲ့နဲ့ ဒီကနေ့ ကရင်ပြည်နယ် ဘားအံမြို့က ဇွဲကပင် ဟိုတယ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အခုလက်မှတ်ရေးထိုးတာဟာ ဒုတိယအကြိမ်မြောက် သဘောတူလက်မှတ် ရေးထိုးတာဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်က စပြီး အသက် (၁၈) နှစ်မပြည့်သေးတဲ့ ကလေးတွေကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)မှာ ၀င်ရောက်တာဝန်ထမ်းဆောင်တာကို တားမြစ်ထားပြီးဖြစ်တယ်လို့လည်း  ဒီကနေ့ KNU အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Geneva Call အဖွဲ့က Senior Program Officer ဖြစ်သူ Christopher Rush ဦးဆောင်တဲ့အဖွဲ့က KNU ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက် အဲဒီသဘောတူညီချက်ကို  လက်မှတ်ထိုးခဲ့တာလို့ သိရပါတယ်။

ကွန်မင့်များ (3)
Share

khin Thu

နေရပ်- Thailand

Glad to read this new. If they are going to do as they signed, Karen people will be so happy and acknowledge this.

Jul 25, 2013 04:30 AM

aung ko

ကြားရတာ ၀မ်းသာပါတယ်

Jul 21, 2013 09:03 PM

Eh Ka Lu

နေရပ်- USA

Good. A lot of Karen people gladly welcome your change.

Jul 21, 2013 09:16 AM

ဆိုက်တခုလုံးသို့