ရှမ်းပြည်နယ်မှာ သိမ်းဆည်းလယ် ဧက ၂၀၀၀ တောင်သူတွေထံ လွှဲပြောင်း

2014-05-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မေလ ၂၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနဲ့ လင်းခေးခရိုင်အတွင်းမှာ သိမ်းဆည်းထားတဲ့ မြေယာဧက ၂၀၀၀ လောက်ကို တောင်သူတွေထံ လွှဲပြောင်းပေးအပ်ပွဲ ကို မြင်ရစဉ်
မေလ ၂၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနဲ့ လင်းခေးခရိုင်အတွင်းမှာ သိမ်းဆည်းထားတဲ့ မြေယာဧက ၂၀၀၀ လောက်ကို တောင်သူတွေထံ လွှဲပြောင်းပေးအပ်ပွဲ ကို မြင်ရစဉ်
Photo: Kyaw Myo Tun

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနဲ့ လင်းခေးခရိုင် အတွင်းမှာ သိမ်းဆည်းထားတဲ့ မြေယာတွေထဲက ဧက ၂၀၀၀လောက်ကို ဒီနေ့ တောင်သူတွေထံ လွှဲပြောင်းပေး အပ်ပွဲ ကျင်းပခဲ့ပါတယ်။

အဲဒီ လွှဲပြောင်းပေးအပ်ပွဲမှာ အမှန်တကယ် အသုံးပြုနေ တဲ့မြေတွေကိုတော့ စွန့်လွှတ်ခြင်းမပြုဘဲ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရှမ်းပြည်နယ် မြေအသုံး ချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီး ချုပ်ဦးစဝ်အောင်မြတ်က ပြောပါတယ်။

အဲဒီအခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ အကြီး အကဲတွေနဲ့ ရွာငံ၊ တောင်ကြီး၊ ရပ်စောက်၊ ကလော၊ လင်းခေး၊ ဟိုပုံး စတဲ့မြို့နယ်တွေက မြေသိမ်းခံ တောင် သူတွေအပါအဝင် လူ ၇၀၀ ကျော် တက်ရောက်ခဲ့ ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ ပြန်လည်ပေးအပ်မယ့် မြေယာဧက တစ်သောင်းနှစ်ထောင်ကျော်ရှိတယ်လို့လည်း သိရပါတယ်။

ဒီနေ့ ပြန်လည်ပေးအပ်တဲ့ မြေယာဧက ၂၀၀၀ လောက်ဟာ စစ်တပ်၊ အစိုးရဌာနဆိုင်ရာတွေနဲ့ အစိုးရရဲ့စီမံကိန်းတွေအတွက် သိမ်းဆည်းခဲ့တဲ့မြေတွေဖြစ်တယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့