တောင်ပြိုလက်ဝဲမှာ ARSA နဲ့ တပ်မတော် တိုက်ပွဲဖြစ်


2019.06.05
govt-army-622.jpg ရခိုင်ပြည်နယ်အတွင်းက မြန်မာ့တပ်မတော်သားတစ်ဦးကို တွေ့ရစဉ်
Photo: STR / AFP

ရိုဟင်ဂျာ မွတ်စလင်ပြန်လည်လက်ခံရေးစခန်းရှိတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲဒေသမှာ ARSA နဲ့ မြန်မာ့တပ်မတော်တို့ကြား အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ မြန်မာ့တပ်မတော်က အတည်ပြုပြောဆိုပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲဒေသက ကမန်းသားကျေးရွာနားမှာ မနေ့က တပ်မတော်လုံခြုံရေးအဖွဲ့နဲ့ ARSA တပ်မတော်ဖက်ကလို့ ယူဆရသူတွေဟာ ထိပ်တိုက်ရင်ဆိုင်ကြောင်း ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် နှစ်ဖက်ဒဏ်ရာရှိတာတွေမရှိကြောင်း တပ်မတော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။

ယခုရက်ပိုင်းအတွင်း ARSA က မောင်တောမြို့နယ် မြောက်ဖက်မှာ လှုပ်ရှာမှုတွေရှိလာတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို ပြန်လည်လက်ခံရေးစခန်းတွေထားရှိရာမှာ တောင်ပြိုလက်ဝဲဒေသဟာ ကုန်းလမ်းကနေ လက်ခံမယ့်လမ်းကြောင်းဖြစ်ပြီး ဒုက္ခသည်တွေပြန်လည်ဝင်ရောက်လာပါက အများဆုံးဝင်ရောက်မယ့်နေရာလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။