အလှမယ်ဟန်လေးကို ပြန်နှင်ထုတ်ဖို့ ထိုင်းအာဏာပိုင် ကြိုးပမ်းနေ

2022.09.22
အလှမယ်ဟန်လေးကို ပြန်နှင်ထုတ်ဖို့ ထိုင်းအာဏာပိုင် ကြိုးပမ်းနေ ၂ဝ၂၁ ခုနှစ် ဧပြီလက ထိုင်းနိုင်ငံတွင် ကျင်းပသော Miss Grand International နိုင်ငံတကာအလှမယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာကိုယ်စားပြု အလှမယ် ဟန်လေး။
Photo: Miss Grand International

မြန်မာအလှမယ် ဟန်လေးကို ဖမ်းဆီးထားတယ်ဆိုတာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ကြာသပတေးနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ပြီး ငြင်းဆိုလိုက်ပါတယ်။

သူဟာ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်ကို စက်တင်ဘာ ၂၂ ရက်နေ့ ညနေက ရောက်ရှိလာရာမှာ ခရီးသွားစာရွက်စာတမ်းမပြည့်စုံမှုနဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဥပဒေပုဒ်မ ၁၂ (၁) အရ ပြည်ဝင်ခွင့်ပေးဖို့ ငြင်းဆန်ပြီး ပြည်နှင်ဒဏ်ပေးမှာဖြစ်ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပုဒ်မ ၁၂ (၁) ဟာ တရားမဝင်နိုင်ငံကူးလက်မှတ် သို့မဟုတ် တရားမဝင် ခရီးသွားစာရွက်စာတမ်းနဲ့ဝင်ရောက်လာသူတွေကို အရေးယူတဲ့ပုဒ်မ ဖြစ်ပါတယ်။

လက်ရှိမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က အလှမယ် ဟန်လေးကို နှင်ထုတ်ရေးအတွက် လေကြောင်းလိုင်းနဲ့ ညှိနှိုင်းနေတယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ကို RFA က ဖုန်းဆက်ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

အလှမယ်ဟန်လေးဟာ ၂ဝ၂၁ ခုနှစ် ဧပြီလက ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Miss Grand International နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာက အရေးယူဖို့နဲ့ မြန်မာပြည်သူတွေကို အကူအညီပေးဖို့ ပြိုင်ပွဲစင်မြင့်ထက်ကနေ တောင်းဆိုခဲ့သူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။