တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း IKO သတိပေး

2015-05-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ှ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ ချင်းမိုင်မြို့ UNFC ညီလာခံမှာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ကို တွေ့ရစဉ်
ှ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ ချင်းမိုင်မြို့ UNFC ညီလာခံမှာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ကို တွေ့ရစဉ်
Photo:Aung Moe Myint/RFA

NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် လက်နက်စွန့်ရုံကလွဲလို့ အခွင့်အရေးတွေ မရရှိနိုင်တာကြောင့် စာချုပ်ကို လက်မှတ်မထိုးခင် အလေးအနက် စဉ်းစားဆောင်ရွက်ကြဖို့ IKO လို့ ခေါ်တဲ့ နိုင်ငံတကာ ကရင်အမျိုးသား အစည်းအရုံးက တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတွေကို သတိပေးတိုက်တွန်းလိုက်ပါတယ်။

NCA မူကြမ်းထဲမှာပါတဲ့ တပ်ပိုင်းဆိုင်ရာ စည်းကမ်းချက်တွေ၊ တပ်မတော်နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးမူဝါဒတွေကို ပါ ထောက်ပြထားတဲ့ အကြံပြုချက်စာတစ်စောင်ကို တိုင်းရင်းသားလက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီထံ ပေးပို့လိုက်တာလို့ IKO အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒို မန်းအော်လန်းဒိုးက ပြောပါတယ်။

"အဓိကလိုက်နာရမယ့်စည်းကမ်းနဲ့ တပ်နေရာချထားရေးကို ဟိုးနိုင်ငံရေးဆွေးနွေးပွဲမှာ သွားပြီးတော့ချထား လိုက်တယ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချပ်ရဲ့ အချက် ၆ ချက်လည်း ရှိနေဆဲဖြစ်တယ်၊ ၂ဝဝ၈ ဥပဒေ ကလည်း ရှိနေဆဲရှိတယ်ဆိုတော့ လက်မှတ်ထိုးမယ်ဆိုရင် ဥပဒေဘောင်တွင်းဝင်ပြီးတော့ တည်ဆဲဥပဒေကို လိုက်နာပြီးတော့ တပ်မတော်ရဲ့ ဒို့တာဝန်အရေး ၃ ပါး လုပ်ကိုင်စရာတွေကို အနှောက်အယှက် အဟန့်အတား မပေးရဘူးဆိုတဲ့ ဒီစည်းကမ်းချက်တွေကို ပြန်ကြည့်လိုက်ရင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းတွေနဲ့က ဘာမှလုပ်နိုင်ခွင့်မရှိတော့ဘူးလေ၊ ဒီဟာက ဟိုးတုန်းက အဆက်ဆက်သော အစိုးရအဖွဲ့တွေ ရဲ့ တိုင်းရင်းသားတွေကိုအမျိုးမျိုး စကားလုံးသုံးပြီးတော့သုံးခဲ့သလို လက်နက်ချပါ၊ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲပါ၊ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ပြီးတော့ ဥပဒေဘောင်ထဲဝင်ပါ၊ အခုတော့ ၂ဝဝ၈ ဥပဒေဘောင်ထဲကို ဝင်ဖို့ ခေါ်နေတာပဲဖြစ်တဲ့အတွက်ကြောင့် ဒီဟာကိုစဉ်းစဉ်းစားစားနဲ့ ဆုံးဖြတ်ကြပါလို့ ခေါင်းဆောင်တွေကို ကျနော်တို့ ဒါမေတ္တာရပ်ခံတဲ့သဘောပါပဲ"

IKO နိုင်ငံတကာ ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ အဲ့ဒီအကြံပြုစာကို UNFC အဖွဲ့ထံ အခုလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ရေးသားပေးပို့လိုက်တာဖြစ်ပြီး၊ ကရင်ပြည်နယ် လေးဝါးဒေသမှာ မကြာခင်ပြုလုပ်မယ့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံမှာ အဲ့ဒီအချက်တွေကို လက်ခံစဉ်းစားဖို့ မျှော်လင့်ထား တယ်လို့လည်း သြစတြေးလျနိုင်ငံမှာ နေထိုင်တဲ့ IKO အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒို မန်းအော်လန်းဒိုး က ပြောပါတယ်။

ဖဒို မန်းအော်လန်းဒိုးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (8)
Share

ရုိးသားပါ

စောခုလွန်ရေ
စိတ်ကူးယဉ်အရူးထမနေနဲ့
နိုင်ငံတကာမှာ ငြိမ်းချမ်းရေးဖြစ်မှာ DRR က လုပ်ကိုလုပ်ရတာ
ဘယ်လိုလုပ်မလဲသာဆွေးနွေးရမှာပါ
အသီးပွင့်ခံစားခြင်တယ်ဆိုတာ သေနတ်တွေကိုင်ပီး
စီးပွားရှာခြင်းမဟုတ်ပါ
ရိုးသားပါ

Jul 24, 2015 10:20 AM

စောခုလွန်

လက်နက်စွန့် ဒေသဖွံ့ဖြိုးရေးလုပ်ဆိုသော စစ်အစိုးရ ဝါဒမှိုင်းသည် ကြောင်သူတော်တို့၏ လက်တွေ့မဆန် ချိုသာသောစကားသာဖြစ်၍ တိုင်းရင်းသားများ လက္ခံမည်မဟုတ်ပါ။ မျက်လုံးစုံမှိတ်ပြီး ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဟု တစာစာ မအော်နေကြစေချင်ပါ။ ငြိမ်းချမ်းရေးအသီးအပွင့်များကို တိုင်းရင်းသားအားလုံး ထာဝရ ခံစားနိုင်အောင် ငြိမ်းချမ်းရေး လက်မှတ်ထိုးမှုကို ပြီးစလွယ် မလုပ်စေချင်ပါ။

Jun 07, 2015 09:26 AM

စောခုလွန်

၂) မူကြမ်း၊ အလွတ်သဘော၊ ယာယီဆိုသည့် အသုံးအနှုံးများသည် ခရီးသွားဟန်လွဲလုပ်ရပ်များဖြစ်၍ လေးနက်တိကျ ခိုင်မာမှုမရှိပါ။
၃) ဒေသဖွံ့ဖြိုးရေးလုပ်ရန်အတွက် ပြည်သူလူထု၏ ဘဝလုံခြုံမှု၊ အာမခံမှု၊ တိုင်းရင်းသားများ မျှော်လင့်ထားသော အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တရားသော တော်လှန်ရေးအတွက် မိမိလက်နက် မိမိစွဲကိုင်ထားရမှာဖြစ်တယ်။

Jun 07, 2015 09:25 AM

စောခုလွန်

၁) မူကြမ်းအား အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ ၂နှစ်ကြာ အချိန်ယူရေးဆွဲတဲ့ အတောအတွင်း ယခုအစိုးရမှ ပြည်သူလူထု လက္ခံယုံကြည်နိုင်လောက်တဲ့ ဘာ ပြောင်းလဲမှု မှ မရှိ./ တိုင်းရင်းသားများအား တချို့ချန်လှပ်၊ တချို့ အပစ်ရပ်လုပ်နေသော အစိုးရ၏ အဆီအငေါ်မတည့် လုပ်ရပ်များကြောင့် စာချုပ်မူကြမ်းအား ဘယ်လောက်ပဲအချိန်ယူလှည့်ဖြား ရေးဆွဲထားပေမယ့် တိုင်းရင်းသားခေါင်းဆောင်များအနေနှင့် စဉ်းစားချိန်ဆသင့်သည်။

Jun 07, 2015 09:24 AM

ငြိမ်းချမ်းလိုသူ

ကေအိုင်ကရဲ့သဘောထားကိုသုံးသပ်ကြည့်ရင်
ငြိမ်းချမ်းရေးလိုခြင်ပုံမရပဲ တသက်လုံးလက်နက်ကိုင်ခြင်ပုံပဲ။
ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ဘယ်နိုင်ငံမှချက်ခြင်းလုပ်လို့မရပါဖူး
အ ချိန်ယူရပါတယ်
တကယ်ငြိမ်းချမ်းရယူခြင်ရင် လက်နက်ကတော့ အခုမဟုတ်တောင်တချိန်မှစွန့်ကိုစွန့်ရမှာပါ

Jun 01, 2015 05:32 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့