ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ် (၂၀) ကျော်အတွင်း ပထမဆုံး ပြည်ပခရီးအဖြစ် ဇွန်လမှာ ဥရောပကို ထွက်ခွာမှာ ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ကိုယ်တိုင်လက်ခံဖို့အတွက် နော်ဝေးနိုင်ငံကို အသွား ဂျီနီဗာမြို့က နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO ညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။
ILO ညွှန်ကြားရေးမှူးချုပ်က - အခုကျင်းပမယ့် ILO ညီလာခံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး ပြည်ပမှာ မိန့်ခွန်းပြောကြားတဲ့နေရာ ဖြစ်သွားပါလိမ့်မယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံကနေ ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတွေကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။