စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယကာကွယ်ရေးဝန်ကြီး မြန်မာရောက်ရှိ

အိန္ဒိယကာကွယ်ရေးဝန်ကြီး AK Antony နဲ့ အဖွဲ့ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိ လာခဲ့ပါတယ်။ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဟာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်လုံခြုံမှု စီမံဆောင်ရွက်ရေး၊ နှစ်နိုင်ငံစစ်တပ်ခြင်း ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် နှစ်နိုင်ငံအကျိုးတူကိစ္စတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။
2013-01-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အိန္ဒိယ စစ်တပ်
အိန္ဒိယ စစ်တပ်
Photo: jobsonchoice.com

အဓိကအနေနဲ့ အိန္ဒိယ-မြန်မာ ကုန်းတွင်းနယ်စပ်နဲ့ ပင်လယ်ပြင်ရေပိုင်နက် နယ်နိမိတ်တွေမှာ သူပုန်အဖွဲ့တွေနဲ့ တခြားကျူးကျော်မှုတွေ၊ ရာဇဝတ်မှုတွေ ကင်းရှင်းရေးအတွက် ကင်းလှည့်လုပ်ငန်း အစီအစဉ်တွေ တိုးတက်ဆောင်ရွက်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။

မိမိတို့ပိုင်နက်အတွင်း တပါးသူက ဝင်ရောက်ကျူးကျော်ခွင့်မပြုဖို့လည်း နှစ်နိုင်ငံသဘောတူညီခဲ့ပြီးဖြစ်ပါတယ်။ အိန္ဒိယနဲ့ မြန်မာနယ်စပ်မှာ အိန္ဒိယကနေ ခွဲထွက်ရေးသူပုန်အဖွဲ့တွေဟာ မြန်မာနယ်စပ်အတွင်း ခိုအောင်းနေပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့အတွက် မြန်မာအစိုးရရဲ့ အကူအညီကို အိန္ဒိယက တောင်းခံနေခဲ့ပါတယ်။

အလားတူ ဘင်္ဂလားပင်လယ်အော်ကို တရုတ်ကဝင်ချင်နေတဲ့အပေါ် အိန္ဒိယကစိုးရိမ်နေတယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာ ဇန်န၀ါရီ ၂၁ရက်ကနေ ၂၂ရက်အထိ နေထိုင်မှာဖြစ်ပါတယ်။

ကွန်မင့်များ (4)
Share

အညတြခရီးသည်

နေရပ်- မိုးကုတ်မြို့ 

မှန်ပါသည်။ တရုတ်လည်းဒီလိုပဲ။ အခုလည်းလာပြန်ပြီ။ အကျိုးလိုလို့ ညောင်ရေလောင်းချင်နေတာလေ။ မြန်မာပြည်ထဲကို စစ်ရေးအကြောင်းပြ၊ဒို့ ပိုင်တဲ့ သယံဇာတတွေဖိအားပေး ထပ်ပြီးအသိမ်းခံရအုံးမယ်။ တရုတ်ပြီးတော့ကုလားကို ဖအေခေါ်နေရအုံးမယ်။ ကြည့်လုပ်စစ်ခေါင်းဆောင်တွေရေ။ စစ်တပ်မှာကလောကနတ်တွေချည်းပဲ။ အထက်ကိုမြှောက်တင် ၊အောက်ကိုဖိနှိပ်။ အင်းနတ်ရုပ်တွေ နတ်လှောင်ကျောင်းကိုပို့ မဲ့ အုပ်ချုပ်သူ စကြာမင်းများရယ်။ပြည်သူတွေ မင်းလောင်းမျှော်ရတာရေခဲတောင်ကိုမျှောလေလေ ကနာရကိုရောက်လေလေ။

Jan 27, 2013 02:09 PM

NAY MA KHA

နေရပ်- DANMARK

22.2013- ဦးသန့်စင် ပြောတာ ထောက်ခံပါသညိျြမန်မာပြည်နယ်စပ်တွင် မည်သည့် စစ်စခန်းမှ ချစရာမလိုပါ

Jan 26, 2013 04:27 PM

Borg

One of the agenda is likely to take the Swedish Guns back from Burmese Army!

Jan 24, 2013 07:55 PM

U Thant Zin

နေရပ်- Yangon

မြန်မာပိုင်နက်နယ်မြေထဲမှာမည်သည့်နိုင်ငံ၏စစ်စခန်းကိုမျှချထား
ခွင့်မပြုသင့်ပါ။ အကယ်ရွေ့ လိုအပ်ပါကလွှတ်တော်၏ အဆုံးအဖြတ်ကိုယူသင့်ပါသည်။

Jan 22, 2013 08:33 AM

ဆိုက်တခုလုံးသို့