မြန်မာနိုင်ငံရဲ့ အထင်ရှား အကျော်ကြားဆုံး နိုင်ငံရေး သမားဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ယှဉ်ပြိုင်ခွင့်ရရေးအတွက် အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဗြိတိန်အောက်လွှတ်တော် ဥက္ကဌ John Bercow က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံဟာ အမှန်တကယ် ဒီမိုကရေစီစနစ် ကို ဖေါ်ဆောင်လိုတယ်ဆိုရင် သားသမီးတွေ နိုင်ငံခြား သားဖြစ်တာနဲ့ သမ္မတဖြစ်ခွင့်မရှိဘူးဆိုတဲ့ တားဆီး ကန့်သတ်ချက်ကို ဖယ်ရှားမှဖြစ်မယ်လို့လည်း ပြော ပါတယ်။
ဗြိတိန်အောက်လွှတ်တော် ဥက္ကဌ John Bercow ဟာ ပြည်တွင်းနဲ့ ပြည်ပက မူဝါဒရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီး ဝင်ရောက်ပြောဆိုလေ့မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒိမိုကရေစီရေးနဲ့ ပတ်သက်နေတဲ့အပြင်၊ မြန်မာပြည် အရေးကို နှစ်ပေါင်းများစွာ စိတ်ဝင်တစားရှိခဲ့တာကြောင့် နှုတ်ဆိတ် မနေနိုင်ပါဘူးလို့ မစ္စတာ John Bercow က ပြောပါတယ်။