အမေရိကန် Johns Hopkins တက္ကသိုလ် သင်ကြားရေး အစီအစဉ်တွေ ပြန်ရုပ်သိမ်း

2015-02-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာအစိုးရ ပညာရေးဝန်ကြီးဌာနက ပညာရေးဘက်မှာ လွတ်လွတ်လပ်လပ် စီမံခွင့်မရတဲ့အတွက် Johns Hopkins တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်မှာ သင်ကြားပို့ချနေတာတွေကို ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

အမေရိကန် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Johns Hopkins တက္ကသိုလ်က ရန်ကုန်တက္ကသိုလ် ပရ၀ုဏ်အတွင်း ၂၀၁၃ ခုနှစ်ကစပြီး International Center of Excellence (ICOE) သင်တန်းတွေကို စတင်သင်ကြားနေခဲ့ တာဖြစ်ပြီး လက်ရှိပညာရေးဝန်ကြီးသစ်နဲ့ စေ့စပ်ညှိနှိုင်းရာမှာ မပြေလည်တဲ့အတွက် အခုလို ရပ်ဆိုင်းလိုက်တာလို့ ဒီကနေ့ထုတ် မြန်မာတိုင်းစ်မ်သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီအစီစဉ်ဟာ မြန်မာနိုင်ငံတက္ကသိုလ်အသီးသီးက ဆရာဆရာမတွေနဲ့ ဘွဲ့လွန်ကျောင်းသားတွေကို နိုင်ငံရေး ၊ ပြည်သူ့ရေးရာ၊ စီးပွားရေးမူဝါဒရေးရာတွေနဲ့ ဥပဒေ၊ နည်းပညာ၊ ဆေးပညာရပ်တွေကို နိုင်ငံတကာစံနှုန်းတွေနဲ့ လွတ်လွတ်လပ်လပ်သင်ကြားနေခဲ့ဖြစ်ပြီင်္း ပညာရေးဝန်ကြီးအပြောင်းအလဲမှာ နားလည်မှုစာချွန်လွှာမဟုတ်တဲ့ အရင်ဝန်ကြီးနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်ကို ဝန်ကြီးအသစ်က အသိမှတ်မပြုနိုင်တဲ့အတွက် အခုလိုရုပ်သိမ်းသွား တာဖြစ်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

၂ နှစ်တာကာလအတွင်း တက္ကသိုလ်ဆရာဆရာမ ၂၅ ဦးနဲ့ ဝန်ကြီးဌာနအသီးသီးက အစိုးရဝန်ထမ်းနဲ့ အရပ်သား ၃၅ ဦးကို သင်တန်းပို့ချခဲ့ပြီး အခုနှစ်အတွက် သင်တန်းသား ၆၇ ဦးရွေးချယ်ထားတယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (4)
Share

(

we have deaf leaders in Burma.

Feb 22, 2015 08:05 AM

(

တို့အစိုးရကတော် ကြာတစ်မျိုး၊ တော် ကြာတစ်မျိုး၊ နဲ့တိုင်းပြည်ပျက်မလို အရပ်ပျက်မ လို ဖြစ် နေ ပါတယ်။
အတွေးအခေါ်လဲမရှိ အမျော်အမြင်လဲမရှိဘဲ ဒီလိုေ ခါင်းဆောင်တွေ ရှိေ နတာ က
မြန်မာနိုင်ငံပညာရေးကို အာဆီယံ နိုင်ငံတွေ နဲ့ အနှစ် ၆ဝ ကျော်လောက်နိမ့်ကျ နေစေမှာပါ။

Feb 21, 2015 09:36 AM

Richard

နေရပ်- Singapore

စစ်အစိုးရ အဆက်ဆက်မှာ သူတို့ ပေါက်ကရ လုပ်ကြလို့ တိုင်းပြည်အတွက် လက်လွတ်သွားတဲ့ အခွင့်အရေးတွေ အများကြီးပါ။ ပေးချင် လှူ ချင်သူ ရှိတာတောင် မယူတတ်ကြဘူး

Feb 20, 2015 10:29 PM

Justice

နေရပ်- USA

ပြုပြင်ပြောင်းလဲမှုကို မပြောင်းချင်ဘူးလို့  တည့်တည့်ပြောလိုက်။ ရှည်ဝေးနေတာ၊ အလုပ်မဟုတ်ဘူး။ ၀န်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေ သိပ်အားနေကြလား။ သမ္မတလည်း ပါမယ်။ ပြည်သူတွေကို တည့်တည့်ပြောလိုက်။ ခေါင်းဆောင်တွေဆို???? မပြောင်းရင်လည်း မပြောင်းဘူးလို့ ပြော။ ပြောင်းမယ်ဆိုလည်း တည့်တည့်မတ်မတ်ပြောင်း။ ဟိုလိုဒီလို လုပ်မနေနဲ့ ။ ခင်ဗျားတို့ သေသွားပြီးရင် နိုင်ငံက ခင်ဗျားတို့ နဲ့  ဘာမှမပတ်သက်တော့ဘူး။ ဒါကြောင့် ခုကတည်းက ကောင်းတာလုပ်မလား၊ ဆိုးတာလုပ်မလား။ ဒါပဲ။

Feb 19, 2015 12:14 PM

ဆိုက်တခုလုံးသို့