ကရင်ပြည်နယ် ဝန်ကြီးချုပ် ဘားအံတောင်ကလေး အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရ

2021.02.11
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဘားအံတောင်ကလေး အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရ ကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ၂၀၂၀ အောက်တိုဘာလ ၃၀ ရက်နေ့က မဲစာရင်း စစ်ဆေးနေစဉ်
Photo: RFA

နေအိမ်အကျယ်ချုပ်ခံထားရတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နဲ့ စီမံဘဏ္ဍာဝန်ကြီး ‌ဦးသန်းနိုင် တို့ နှစ်ဦးကို ကရင်ပြည်နယ်၊ ဘားအံ့တောင်ကလေး အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပြောပါတယ်။

နေအိမ်အကျယ်ချုပ်ထားရာကနေ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အာဏာသိမ်းစစ်အစိုးရက ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ မိသားစု အဆက်အသွယ်မရသေးသလို စွဲဆိုထားတဲ့ ပုဒ်မတွေကိုလည်း မသိရသေးပါဘူး။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဒီနေ့ မနက်ပိုင်း ဘားအံမြို့ အထက ၁၊ ဘောလုံးကွင်း စုရပ်မှာ ဆန္ဒပြမယ့် ကျောင်းသား ၁၇ ယောက်နဲ့ ဆရာမတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပါတယ်။

လူစုလူဝေးလုပ်တာနဲ့ လိုင်စင်မပါတဲ့ ဆိုင်ကယ်နဲ့ ကားတွေကို ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ လူဦးရေ တစ်ထောင်ကျော်က ဘားအံ့ မြို့မရဲစခန်းရှေ့မှာ ထိုင်သပိတ်နဲ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။