မူဆယ်ခရိုင် ဆရာမနှစ်ဦး အသတ်ခံရမှု စစ်သားတွေကို စစ်ဆေး

2015-01-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ညက  ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာမှာ အသတ်ခံရတဲ့ ဆရာမ မရမ်လုရာနှင့် ဆရာမ တန်ဘောင်ခေါန်ဒင့် တို့ပုံ
၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ညက ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာမှာ အသတ်ခံရတဲ့ ဆရာမ မရမ်လုရာနှင့် ဆရာမ တန်ဘောင်ခေါန်ဒင့် တို့ပုံ
.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကောင်းခါးကျေး ရွာက ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ် ခံခဲ့ရတဲ့ အမှုနဲ့ပတ်သက်ပြီး မူဆယ်ခရိုင်ရဲတပ်ဖွဲ့က အမြန်ဆုံး အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက် ဖို့ နေပြည်တော်အထူးရဲတပ်ဖွဲ့က ညွှန်ကြားထားပါ တယ်။

ဆရာမနှစ်ဦး သေဆုံးတဲ့နေရာအနီးမှာရှိတဲ့ အစိုးရစစ်တပ် ခမရ ၅ဝ၃ တပ်ရင်းက စစ်သားတွေကို မူဆယ်ခရိုင်ရဲတပ်ဖွဲ့ က ဒီနေ့ စစ်ဆေးခဲ့တယ်လို့ အမှုမှန်ပေါ်ရေး လိုက်ပါဆောင်ရွက်နေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။

"အခုတော့ နေပြည်တော်ကဗျူဟာမှူး တိုင်းကိုညွှန်ကြားချက်နဲ့ သူတို့စစ်ဆေးမှုတော့ လုပ်နေပါတယ်၊ အဲ့ဒီမှာရှိတဲ့ စစ်ကြောင်း ခမရ ၅ဝ၃ ကိုပေါ့နော်၊ အဲ့ဒါကို သူတို့ရဲဘော်တွေကိုတော့ စစ်နေပါတယ်၊ သူတို့တော့ သူတို့မဟုတ်ဘူး လို့တော့ ထွက်ဆိုတာပေါ့၊ နေပြည်တော်ရဲက အမိန့်ချပြီးမှ အခုဒီမှာအမှုမှန်ကို အမြန်ဖော်ထုတ်ဖို့ အထက်ကအဲ့လို ညွှန်ကြားလာတယ်"

မြစ်ကြီးနားမြို့အခြေစိုက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က နှစ်စဉ်ကောင်းခါးကျေးရွာမှာ စာသင်ကြားဖို့ ဆရာ၊ ဆရာမတွေ စေလွှတ်နေတာဖြစ်ပါတယ်။ အဓမ္မပြုကျင့် အသတ်ခံရတဲ့ ဆရာမနှစ်ဦးဟာ အဲ့ဒီ ကျေးရွာစာသင်ကျောင်း မှာ တာဝန်ယူနေတာ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

သေဆုံးသူ ဆရာမနှစ်ဦးကို ဒီလ ၂၃ ရက်နေ့ မြစ်ကြီးနားမြို့မှာ သြင်္ဂိုဟ်မှာဖြစ်ပါတယ်။

ကွန်မင့်များ (5)
Share

Thisar

နေရပ်- Myanmar

ဟားဟား စစ်တပ်က KIA ကို အမှုပတ်အောင် ပိပိရိရိ လုပ်ထားတဲ့ဟာ ဘယ်လိုမှ ဖေါ်ထုတ်နိုင်မှာ မဟုတ်ဘူး။ ကိုပါ ကြီး အမှု က နမူနာပဲ။ အသတ်ခံရတဲ့ သူတွေဟာ ကချင်လူမျိုး ခရစ်ယန် စဉ်းစားစရာနော်။

Jan 23, 2015 08:31 PM

အမည်မဖော်လိုသူ

နေရပ်- Yangon.

If these two ladies are Thann Shwe's daughter what government will do? Will they take it lightly?

Jan 22, 2015 08:53 PM

အတြင္းသိ

နေရပ်- Myanmar

မြန်မာ စစ်တပ် ဟာ ဗကပ အတွင်းစည်းထဲကို လူယုံ ဓါးလျှိုတွေ သွင်းပြီး အမြစ်ပြုတ်အောင် ဖြိုခွင်း နိုင်ခဲ့တာကို ကောင်းကောင်းသိသွားတော့ ကျန်တဲ့ ရဟန်းရှင်လူပြည်သူကျောင်းသားတွေအတွင်း၊တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အတွင်း ကိုလည်းု လွန်ခဲ့တဲ့ အနှစ် သုံးလေးဆယ် လောက်ထဲက ဓါးလျှို တွေ ထည့်ထားပြီး ဖြိုခွင်းရေးလုပ်ငန်း အဖျက်လုပ်ငန်းတွေ ကိုလုပ်နေခဲ့တယ်။ အဲဒါကို အထက်ကလူကြီး ၄-၅ ယောက်လောက်ပဲသိတယ်။ KIA ကို တစ်ဖက်က ဟန်ပြငြိမ်းချမ်ရေး ပြော တစ်ဖက်က စစ်ဆင် တစ်ချိန်တည်းမှာ KIA ကို လူမျိုးရေး အထင်လွဲမှု မုန်းတီးမှု ဖြစ်အောင်လုပ်နေတာ။

Jan 22, 2015 07:41 PM

BSBS

နေရပ်- Burma Soldier Bad Soldier

စစ်သားတွေသာ ဖြစ်မယ်ဆိုရင် ကမ္ဘာမှာ “သောင်းကျန်း”နေတဲ့ “ဟိုအဖွဲ့”နဲ့ ဘာထူးမှာ။

Jan 22, 2015 10:37 AM

Kyaw

မြန်မာစစ်တပ်ရဲ့ ဗျုဟာ ပေါ်လစီတစ်စိတ်တစ်ပိုင်းလို့ဆိုရမလား .. တစ်ချို့သောဗိုလ်ရဲဘက်တွေကတော့ တိုင်းရင်းသားတွေအပေါ်နားလည်လိုက်ထိုက်ပေမယ့် အရိုးစွဲအောင် အယူဆိုးရိုက်သွင်းခံရသူကအများစုဆိုတော့ အရှင်းဆုံးကတော့ နှစ်ဖက်မျှတနိုင်ငံရေးပဲ

Jan 22, 2015 02:58 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့