ကေအိုင်အိုနဲ့ မြန်မာအစိုးရတပ်တွေ ထပ်မံတိုက်ခိုက်

မြစ်ကြီးနားကနေ ဖားကန့်ကျောက်စိမ်းတွင်း ဒေသကို သွားတဲ့လမ်းမှာ မနေ့ညနေက ကေအိုင်အိုနဲ့ မြန်မာအစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။
2011-07-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ
Photo: Kachin News Group

ကျောက်စိမ်းတွင်း ဒေသမှာ အခြေစိုက်ထားတဲ့ ကေအိုင်အို တပ်ရင်း ၆ နဲ့ မြန်မာအစိုးရ ဆားမှော် အခြေစိုက် ခလရ ၁၀၅ တပ်ရင်းတို့ မနေ့ ညနေမှာ မြစ်ကြီးနားကနေ ဖားကန့် သွားလမ်းမှာရှိတဲ့ ကာမိုင်းမြို့အနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဖားကန့်ဒေသခံ တစ်ယောက်က ပြောပါတယ်။

“ ၆ နာရီ ၂၅ မှာ ဖြစ်တာကတော့ ကာမိုင်းအဝင်မှာ သူတို့ စစ်ကြောင်း တက်လာတာကို ကြားဖြတ် ဝင်တိုက်တယ်။ အင်အားက ၄၀ ကျော်လောက်ပဲ ရှိတယ်လို့ပြောတယ်။ ၄ ယောက်သေတယ်။ ၁၅ ယောက် ဒဏ်ရာရသွားတယ်။ ကား ၂ စီးနဲ့ တက်လာတာ။ ကားပေါ်မှာ ပစ္စည်းတင်ပြီး လူက လမ်းလျှောက် လာတာ။ အဲဒီလိုမျိုး တက်လာတာကို ကြားဖြတ် ပြောက်ကျားလုပ်ကြတာပေါ့။ အဲဒီမှာ ၂ ယောက်သေတယ်။ ၁ ယောက်က ဒဏ်ရာပြင်းတယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ ကေအိုင်အို တပ်ရင်း ၆ က အရာရှိတွေက အတည်ပြုပေမဲ့ အသေးစိတ် ပြောဆိုတာ မရှိပါဘူး။

နှစ်ဖက် စစ်ရေးအရ တိုက်ခိုက်တာတွေ ဖြစ်လာတာက တကြောင်း၊ မိုးရာသီ ရောက်နေတာက တကြောင်းကြောင့် ဖားကန့် ကျောက်စိမ်းဒေသမှာ အရောင်းအဝယ်တွေလည်း ရပ်တန့် သလောက်ဖြစ် သွားတယ်လို့လည်း ဖားကန့်ဒေသခံက ပြောပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

လေးစားရပါသော လွတ်လပ်ရေးအတွက် မလွဲမရှောင်သာသဖြင့် လက်နက်ဆွဲကိုင်တော်လှန်နေရသော ကချင်တော်လှန်ရေး တပ်သားများအတွက် အစဉ်သဖြင့် လေးစားဂုဏ်ယူလျက်ပါ နောက် ကို ကိုးကွယ်ယုံကြည်သည့် ဘာသာတရား ကိုအချိန်တိုင်း ဦးထိပ်ထား ပြီးမိမိနှင့်သက်ဆိုင်ရာအမှု(တာဝန်) ကိုဆောင်ရွက်စေလိုပါတယ် ရန်သူ့ ဘက်မှ အစဉ်သဖြင့်ကောက်ကျစ်ရုတ်မာ သောနည်းလမ်း များနှင့်ကြံစီဆောင်ရွက်နေသည်ကို သတိရှိပါလို့ပြောလိုပါတယ် တရားသောစစ် အောင်နိုင်ရမည် ဟု ယုံကြည်လျက်ပါ...

Oct 12, 2011 10:14 AM

အမည်မဖော်လိုသူ

good news....

Jul 27, 2011 03:37 PM

ဆိုက်တခုလုံးသို့