ဘောကထ ရေအားလျှပ်စစ်စီမံကိန်း KNU ရှင်းလင်း

2016-02-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒို စောတာဒိုမူး ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်
KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒို စောတာဒိုမူး ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Zarni Htun/RFA

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်မှာ အကောင်အထည်ဖော်မယ့် ဘောကထ ရေအားလျှပ်စစ်စီမံကိန်းကို KNU ကရင်အမျိုးသား အစည်းအရုံးပိုင် သူးလေကုမ္ပဏီက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ နားလည်မှုစာချွန် လွှာ ရေးထိုးခဲ့တာဟာ လေ့လာဆန်းစစ်ဖို့အတွက်သာ သဘောတူခဲ့တာဖြစ်တယ်လို့ ရန်ကုန်မြို့ဗဟန်းမြို့နယ် Green Hill Hotel မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ KNU တာဝန်ရှိသူတွေက ပြောပါတယ်။

လက်မှတ်ရေးထိုးတာဟာ ရေအားလျှပ်စစ်တည်ဆောက်ရေးအတွက် သဘောတူတာမဟုတ်ဘဲ လေ့လာ ဆန်းစစ်မှုအတွက်သာဖြစ်တယ်လို့ KNU ဗဟိုစီးပွားရေးကော်မတီ ဥက္ကဌ ပဒိုစောတာဒိုမူးက ပြောပါတယ်။

"အဓိကကတော့ MOEP နဲ့ ကျနော်တို့ MOU လက်မှတ်ထိုးခဲ့တာရှိတယ်၊ အမှန်ကတော့ အကြိုစမ်းသပ်လေ့လာမှု နဲ့ ပတ်သက်တဲ့ MOU ပဲဖြစ်ပါတယ်၊ ဆောက်လုပ်ရေးလုပ်ဖို့အတွက် မဟုတ်ဘူး၊ ဒါပေမဲ့ ကျနော်တို့ သတင်းတွေ ကို ကြည့်တဲ့အခါကျတော့ တခါတည်း ဆောက်လုပ်ရေးပါ သွားလုပ်မယ်ဆိုတော့ ဒီရေအားလျှပ်စစ်လုပ်ငန်းကို တခါတည်း အကောင်အထည်ဖော်တော့မယ် ဆိုတဲ့ပုံစံမျိုး ချဲ့ကားသွားတဲ့အခါကျတော့ ဒေသခံလူထုတွေလည်း စိုးရိမ်သွားတဲ့အပိုင်းတွေ ရှိတဲ့အတွက်ကြောင့်မို့ ဒါကိုအားလုံးတခါတည်းသိရအောင် သတင်းစာရှင်းလင်းပွဲလုပ် တာဖြစ်ပါတယ်"

အဲဒီရေအားလျှပ်စစ်စီမံကိန်းအတွက် လေ့လာဆန်းစစ်မှုတွေလုပ်တဲ့အခါ ဒေသခံတွေရဲ့ သဘောဆန္ဒမပါရင် ရပ်ဆိုင်းပေးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဘောကထရေအားလျှပ်စစ် စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် လေ့လာဆန်း စစ်ချက်တွေ ပြုလုပ်ဖို့ ၂ နှစ်ကြာ သဘောတူညီမှုရရှိထားပြီး လာမယ့်မတ်လမှာ စတင်လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းဟာ လျှပ်စစ်အင်အား ၁၆၀ မဂ္ဂါဝပ် ထွက်ရှိမှာဖြစ်ပြီး ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးအတွက် အကျိုးရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးပိုင် သူးလေကုမ္ပဏီဟာ ကရင်ပြည်နယ်အတွင်း မြေအောက်ဖိုက်ဘာဆက်ကြောင်း ထည့်တဲ့လုပ်ငန်းတွေမှာ ကန်ထရိုက်ယူလုပ်ကိုင်နေတာဖြစ်ပြီး လုပ်ငန်းကြီးအနေနဲ့ ဒီစီမံကိန်းကို စတင်တာဖြစ်တယ်လို့ သိရပါတယ်။

ကွန်မင့်များ (2)
Share

သေခြာစဉ်းစားကြပါ...

မြန်မာပြည်သူများသည်သနားဖို့အရမ်းကောင်းပါတယ် အထူးသဖြင့်တိုင်းရင်းသားနယ်မြေများနှင့်မြို့ပေါ်နေအခြေခံ
လူတန်းစားများပါ။ ဘာလို့လဲဆိုရင် ပညာဗဟုသုတနည်းပီး အလွယ်တကူယုံလွယ်ပါတယ်.ဒါကြောင့်စည်းရုံးကလွယ်ပါတယ်.တယောက်ကမကောင်းဖူးပြောရင် နောက်လူကဘာမှမစဉ်းစား
တော့ပါဖူး..မကောင်းဖူးသံယောင်လိုက်ပါတယ်...

ရိုး၂သား၂မသိလို့သံယောင်လိုက်တာက ရှင်းပြရင်နားလည်ပေမဲ့
တချိုကသိသိကြီးနဲ့ရှင်းပြလည်းလက်မခံပဲေနောက်ကွယ်
ကနိုင်ငံရေးရည်ရွယ်ချက်တွေ ဒေသဖွံဖြိုးတိုးတက်မှာ
ကိုမလိုလားတဲ့ရည်ရွယ်ချက်တွေကြောင့်လုပ်တာတွေရှိပါတယ်

တချို့စီမံကိန်းတွေက ကောင်းကျိုးထက်ဆိုးကျိုးဖြစ်စေလို့ကန့်ကွက်ရတာ မှန်ပေမဲ့ တချို့စီမံကိန်းများသည် ဆိုးကျိုးထက်ကောင်းကျိုးဖြစ်စေလို့လုပ်ရတာတွေရှိပါတယ်..
ဒါကလည်း စီမံကိန်းကိုလေ့လာဆန်းစစ်ပြီးမှသိရတာပါ...

အခုစီမံကိန်းအဆင့်က MOU အဆင့်ပါ..
MOU ဆိုတာ Understanding လို့ခေါ်တဲ့နားလည်မှုပါ..
ဒီအဆင့်မှာလေ့လာမယ် ဆန်းစစ်မယ် ပြည်သူနဲ့ထိတွေ့မယ် အကျိုးရလဒ်ကိုရှင်းပြပီသက်ရောက်မှုရှိရင် ဖြေရှင်းပေးမဲ့နည်းလမ်း
တွေကိုရှင်းပြလုပ်ပေးမယ်..စသည်ဖြင့်အဆင့်တွေရှိပီး အနည်းဆုံး၃နှစ်ကနေ ၅နှစ် ဒီထက်ကြာရင် ၇နှစ်လောက်ထိဖြစ်သွားတတ်ပါတယ်တည်ဆောက်ရေးမဟုတ်
သေးပါဖူး..
ဒီအဆင့်ပီးလို့ ပြည်သူကလည်းလက်ခံသွားပြီဆိုမှ MOA လို့ခေါ်တဲ့ Agreement ကိုလုပ်ရတာပါ..ဒီနေရာမှာလည်း လူတိုင်းရဲ့သဘောတူညီချက်ရတာရှိသလိုမရတာလည်းရှိပါတယ်.အကယ်လို့မရခဲ့ရင်လည်း ထောက်ခံမူအများဆုံးရဘယ်လောက်ရလဲကြည့်ရမှာပါ..တနည်းအားဖြင့်
ဒီမိုကရေစီနည်းလမ်းတကျသက်ဆိုင်ရာပြည်သူကိုပဲဆုံးဖြတ်ခိုင်းပါတယ်..ပြည်သူအများစုကလက်ခံရင်သဘောတူတယ်သတ်မှတ်ပါတယ်...ပြည်သူရဲ့ရွေးချယ်မှုပါ..

အထူးသဖြင့် ယခုစီမံကိန်းက ကရင်ပြည်နယ်နဲ့ဆက်စပ်ပြည်နယ်တွေအတွက်ဖြစ်ပြီး
ပြည်သူအားလုံးအထူးသဖြင့် ကရင်လူမျိုးများအတွက် ရည်ရွယ်တယ်လို့သိရပါတယ်....

KNU အနေနဲ့
နိုင်ငံတော်နဲ့ငြိမ်ချမ်းရေးယူလိုက်ရင် ဒေသဖွံဖြိုးရေးကလုပ်ကိုလုပ်ရမှာပါ..အားလုံးပါတဲ့လက်မှတ်တွေမထိုးခင် နိုင်ငံရေးဆွေးနွေးပွဲ
တွေအားလုံးပြီးမှလုပ်ရမယ်ဆိုရင် ယင်းဒေသများရှိလူမျိုးများ၏ ဘဝသည် ဆင်းရဲသထက်ဆင်းရဲပါလိမ့်မယ်... ဘာလို့လည်ဆိုရင် လုပ်ငန်းစဉ်အားလုံးပြီးဖို့သည် ၅နှစ်ကြာခြင်လည်းကြာမယ် ၁၀နှစ်ကြာခြင်လည်းကြာမယ်..အနှစ်၂၀ကြာခြင်လည်းကြာပါမယ်


လက်နက်ကိုင်တိုက်ပွဲများဖြစ်ရခြင်းရဲ့အခြားအကြောင်းတရားများထဲကအဓိကအကြောင်းက
ဒေသမဖွံဖြိုးတာ ပြည်သူတွေဆင်းရဲတာ ပြည်သူတွေပညာမတတ်တာတွေကြောင့်လလည်းပါပါတယ်.

ဒေသဖွံဖြိုးခြင်လို့ငြိမ်းချမ်းရေးတည်ဆောက်ပါတယ်.
ဒေသဖွံဖြိုးရးလုပ်မှာကို မလုပ်ပါနဲ့ကန့်ကွက်နေမှတော့ ဘယ်တော့မှာဒေသတိုးတက်လာမှာမဟုတ်ပါဖူး..

ဘာလို့လဲဆိုရင်စီမံကိန်းပြီးရင်
လျှပ်စစ်မီးရရင် ပြည်သူတွေစာသင်နိုင်မယ်...ပြည်သူတွေကျန်းမာရေးစောင်ရှောက်မူတွေပိုလုပ်နိုင်မယ်..စက်ရုံအလုပ်ရုံတွေ တည်ဆောက်လည်ပတ်နိုင်ပြီး ပြည်သူတွေအလုပ်အကိုင်အခွင့် အလမ်းတွေပိုရလာမယ်....အသိညဏ်ဗဟုသုတတွေများလားပီး
ပညာတတ်တွေများလာပြီး ဒေသအကျိုးတိုင်းပြည်အကျိုးဆောင်
ရွက်နိုင်မယ်..စတဲ့အကျိုးကျေးဇူးတွေရလာပါမယ်..စီမံကိန်းလေ့လာဆန်းစစ်သည့်ကာလမှာပါတည်ဆောက်ရေးကာလတွေမှာပါ
ဒေသပြည်သူတွေအလုပ်ကိုင်အခွင့်လမ်းတွေအများကြီးရလာမှာပါ.

ယခုဆိုလျှင် ယိုးဒယားနယ်စပ်မှာရှိတဲ့ ဒုတ်ခသည်စခန်းတွေမှာ ကရင်လူမျိုးတွေအများကြီးရှိနေသလို လက်နက်ကိုင်ချုပ်ငြိမ်းသွားပြီး လက်နက်တွေစွန့်ရင် ဒီလူများရဲ့စားဝတ်နေရေးအတွက်KNU ခေါင်းဆောင်များနဲ့အစိုးရတာဝန်ရှိသူများကစဉ်းစားရပါတယ်..

ဒါကြောင့်ယခုစီမံကိန်းများသည်ပတ်ဝန်းကျင်အားထိခိုက်မှုမရှိရင်
(သို့)ထိခိုက်မှုနည်းနိုင်သမျှနည်းရင်(ပြည်လည်ကောင်းမွန်
အောင်လုပ်မယ့်အစီအစဉ်များနှင့်အတူ)လုပ်ရမှာပါ..

ဒါကြောင့် အပြုသဘောနဲ့သေခြာစဉ်းစားကြဖို့လိုပါကြောင်း ယင်းနယ်မြေရှိပြည်သူများအားလုံးငြိမ်းချမ်းရေးအသီးအပွင့်များ ခံစားရပါစေကြောင်း ဆုတောင်းလိုက်ပါတယ်...

Feb 27, 2016 08:26 PM

အ​မှောင်​ထဲမှာပဲဆက်​​နေခြင်​တာလားအလင်းမရခြင်​​တော့ဖူးလား

နေရပ်-

လွန်ခဲ့တဲ့နှစ်ကာလများကစပီး အစိုးရဘာလုပ်၂ ကန့်ကွက်နေတဲ့ရောဂါက အခုထိပါလား၊ကန့်ကွက်တာက ကိုယ်အမြင်နဲ့ကိုယ်ဆိုပေမဲ့ ဒီရေအားလျှပ်စစ်တွေမလုပ်ပဲအမှောင်ထဲမှာနေမှာလား၊ယင်းဒေသအလင်းရမှ ပြည်သူတွေမျက်စိပွင့်နား ပွင့်ဖြစ်မှာ၊ငြိမ်းချမ်းရေးနဲ့အတူ ဒေသဖွဖြိုးရေးကမဖြစ်မနေ လုပ်ရမှာ၊မီးရမှ စက်ရုံအလုပ်ရုံတွေလည်ပတ်နိုင်မှာ၊အလုပ်ကိုင်တွေလုပ်နိုင်မှာ၊နောက်တခုက EIA/SIA ဆိုတာ Impact လို့ခေါ်တဲ့ထိခိုက်မူအနဲဆုံးဘယ်လောက်ရှိနိုင်လဲလေ့လာဆန်းစစ်တာ၊ဘယ်စီမံကိန်းမှ ခြောက်ပြစ်လဲ သဲလဲ ဆင် အပြစ်ကင်းတာမရှိပါဖူး၊ ကင်းတယ်ပြောရင်တကယ်နားမလည်လို့ပဲ၊ အဓိကက ယင်းစီမံကိန်းကပွင့်လင်းဖို့ စာချုပ်က နိုင်ငံတကာစံချိန်ညီဖို့ CSR ဘယ်လိုလုပ်ပေးမှာ လဲ၊အကယ်၍ရွေပြောင်းရမဲ့ရွာတွေရှိရင် ဘယ်လိုဖန်တီးပေးမှာလဲ စသည်စသည်ကို တောင်းဆိုရမှာ၊

Feb 26, 2016 07:18 PM

ဆိုက်တခုလုံးသို့