KNU ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေး

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်တဲ့ KNU ငြိမ်းချမ်းရေး ဆွေးနွေးမှုအဖွဲ့ဟာ မနေ့ညက နေပြည်တော်ကို ရောက်ရှိသွားပြီး အပစ်ရပ်ရေးကိစ္စကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ အသေးစိတ် ထပ်မံ ဆွေးနွေးကြတယ်လို့ သတင်းရရှိပါတယ်။

2012-01-14
Share
knu-delegation-b305 မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် KNU ငြိမ်းချမ်းရေးဆွေးနွေးမှု အဖွဲ့ဝင်များအား ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တေ့ွရစဉ်။
Karen National Union

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ၁၉ ဦးပါ KNU ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီ ၁၂ ရက်နေ့က ဖားအံမြို့မှာ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူ လက်မှတ်ရေးထိုးပြီး မော်လမြိုင်မြို့ကို ဆက်လက် သွားရောက်ကာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် ဦးဆောင်တဲ့အဖွဲ့နဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ဇန်နဝါရီ ၁၃ ရက် မနေ့ကတော့ KNU ကိုယ်စားလှယ်အဖွဲ့ဟာ ပဲခူတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်းအဖွဲ့နဲ့ တွေ့ဆုံပြီး ပဲခူးတိုင်းအတွင်းက KNU တပ်ဖွဲ့တွေရဲ့ အခြေအနေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

KNU အဖွဲ့ကို ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ညစာစားပွဲနဲ့ ဧည့်ခံတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်တဲ့ KNU ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန်မှာ ဖားအံမြို့ကို ပြန်လည် ထွက်ခွာမှာ ဖြစ်ပြီး အဲဒီကတဆင့် မြဝတီမြို့ကို ပြန်ကြမယ်လို့ နေပြည်တော် အသိုင်းအဝိုင်းက ပြောပါတယ်။

Anonymous says:
2012-01-14 19:56

Good performance for all karen nations but
should not be trust and insure for this time.We need time to watch.

Anonymous says:
2012-01-14 17:44

God bless all

Anonymous says:
2012-01-14 02:29

Very good news. Both sides just keep going on the peace and especially please look for the people.

Anonymous says:
2012-01-15 23:42

အခုခ်ိန္ထိ မမွတ္ဘူး။ မြန်မာလူမျိုးက ဆန်ကွဲစားနေရတာတောင်မညီညွတ်ဘူး။ငါးစာမပါဘူး ငါးမျှားချိတ်ပဲချပေးတာ သွားရည်တမျှမျှနဲ့ ပါသွားကြကုန်ပြီ။ လိုချင်တာအကုန်ပေးတယ်။နိုင်ငံရေးစကားကတော့ လွတ်တော်ထဲရောက်မှပြောပေါ့။လွတ်တော်ထဲမှာ ကြံ့ ဖွတ်က(၈၅%)ရှိတယ်။ဘာသွားလုပ်မှာလည်း။နောင်ပြင်မှာကိုမပြောနဲ့  လက်ရှိအမြင်ပဲကြည့်ပါ။လိမ်နေတာကိုသိရဲ့ သားနဲ့ သမိုင်းကိုချေနဲ့ နင်းဖျက်နေကြတယ်။မင်းတို့ ကောင်းစားသလို အသက်စွန့် သွားတဲ့သူရဲကောင်းတွေအတွက် ရန်သူနဲ့ အလိုတူသူတိုင်း ၀ဋ်မခံရပါစေနဲ့ ။။

Anonymous says:
2012-01-15 15:18

ကျွန်တော်မြင်တာကတော့ ကေအင်ယူအဖွဲ့ငြိမ်းချမ်းရေးဆွေးနွေးတာ
ကောင်းပါတယ် ရှေ့ဆက်ပြီးတိုက်ခိုက်မယ်ဆိုရင်လည်း ပြည်သူလူထုတွေဘဲနစ်နာမယ်ဆိုတာ အားလုံးအသိဘဲ
ယခုလိုဆွေးနွေးပြီး ဆက်ဆွေးနွေးရင်လည်း သတိနှင့် ဆွေးနွေး
ဖို့တိုက်တွန်းချင်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ အစိုးရက
အရမ်းလိမ်တော်လို့ဘဲ

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။