လက်ပံတောင်းဒေသခံတွေ ဝမ်ပေါင်ကုမ္ပဏီနဲ့ တေ့ွခွင့်တောင်းဆို

0:00 / 0:00

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်တွေအတိုင်း ထိုက်သင့်တဲ့ မြေယာလျော်ကြေးတွေရဖို့၊ အစားထိုးမြေနေရာတွေနဲ့ စွန့်လွှတ်မြေတွေ ရရှိဖို့အတွက် ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေကို တေ့ွဆုံဆွေးနွေးခွင့်ရဖို့ ဒေသခံတောင်သူတွေရဲ့ တောင်းဆိုမှုကို ကုမ္ပဏီဘက်က လက်ခံလိုက်တယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီ ဆက်ဆံရေးရုံးကို မြေသိမ်းခံတောင်သူတွေက ဒီနေ့ နေ့လယ်ပိုင်းမှာ သွားရောက်ပြီး ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုရာမှာ တွေ့ဆုံခွင့်တောင်းတဲ့ စာကို ကုမ္ပဏီဘက်က လက်ခံထားလိုက်ပြီး အကြောင်းပြန်ပေးမယ်လို့ ပြောလိုက်ကြောင်း တောင်သူတွေက RFA ကို ပြောပါတယ်။

ဒေသခံတောင်သူတွေက ဝမ်ပေါင် ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါ လက်ပံတောင်းတောင် အစီရင်ခံစာပါ အကြံပြုချက်အတိုင်း အစားထိုးမြေဧက ၁၉၀၀ ကို မြေယာသိမ်းဆည်းခံရတဲ့ ကျေးရွာအနီးပတ်ဝန်းကျင်မှာ ဖော်ထုတ်ပေးဖို့၊ မြေယာလျော်ကြေးတွေကို ကာလပေါက်ဈေးအတိုင်းပေးဖို့၊ ပိုလျှံမြေတွေကို ပြန်လည်စွန့်လွှတ်ပေးဖို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။