လောက်ကိုင် အကျဉ်းထောင် ယာဉ်တန်း တိုက်ခိုက်ခံရမှု ၄၅ ဦး ဒဏ်ရာရ


2015.02.24
laukaing-prisoners-305.jpg လောက်ကိုင်မြို့က အကျဉ်းသားတွေ တင်ဆောင်လာတဲ့ကား တိုက်ခိုက်ခံရပြီး တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသွားသူတွေ ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Ye Moe Facebook

ကိုးကန့်ဒေသ လောက်ကိုင်မြို့ စီအောအကျဉ်းထောင် က အကျဉ်းသားတွေကိုတင်ဆောင်ပြီး လားရှိုးဘက် ကို မောင်းလာတဲ့ မော်တော်ယာဉ်တစ်စီး မနေ့က တိုက်ခိုက်ခံရပြီး တိမ်းမှောက်သွားတာကြောင့် အကျဉ်းသူ အမျိုးသမီး ၄၅ ယောက်လုံး ဒဏ်ရာရရှိပြီး အဲဒီအထဲကနှစ်ဦးဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် ကွမ်းလုံဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

ကျန်တဲ့အကျဉ်းသားတွေကို လားရှိုးအကျဉ်းထောင် ကို ပြောင်းရွှေ့ပေးလိုက်ပြီဖြစ်တယ်လို့ ကွမ်းလုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဆွေက ပြောပါတယ်။

"ဒီမနက် ၁၁ နာရီကပဲ ကွမ်လုံကနေပြီးတော့ လားရှိုးကို ဆက်လက်ထွက်ခွာသွားပါပြီ၊ စိုးရိမ်ရတဲ့သူ မနေ့ကရောက်ရောက်ခြင်း သုံးယောက်ပါလာပါတယ်၊ ဒီမနက် ကွမ်လုံဆေးရုံးမှာ နှစ်ယောက်ပဲ ကျန်ပါတော့ တယ်ခင်ဗျာ၊ သူတို့ဒဏ်ရာက စိုးရိမ်ရတဲ့အခြေ အနေတော့မရှိပါဘူး၊ လောလောဆယ်ရွှေ့ဖို့အတွက် ကို စိတ်မချရတဲ့အတွက်ကြောင့်မို့လို့ လိုအပ်တဲ့ ကုသမှုတွေ ပြည့်စုံအောင်လို့ ထပ်လုပ်ပေးတဲ့အတွက်ကြောင့် ထားခြင်းဖြစ်ပါတယ်"

အဲဒီအကျဉ်းထောင်ကားဟာ ချင်းရွှေဟော်အနီးမှာ ပစ်ခတ်ခံရတာဖြစ်ပြီး သေနတ်ဒဏ်ရာကြောင့်မဟုတ်ဘဲ ကားတိမ်းမှောက်သွားတာကြောင့် ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။

လောက်ကိုင်မြို့အနီးတဝိုက်မှာ အစိုးရတပ်မတော်နဲ့ ကိုးကန့်တပ်တွေ မနေ့ကလည်း တိုက်ပွဲတွေဆက်လက် ဖြစ်ခဲ့ပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ အစိုးရနဲ့ ကိုးကန့်အဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်တွေဟာ လားရှိုးမြို့က မန်ဆူရှမ်း ဘုန်းတော်ကြီးကျောင်းမှာ ရောက်ရှိနေကြပါတယ်။ ဒီနေ့ဆိုရင်လည်း စစ်ရှောင်ဒုက္ခသည် ၄၅၀ လောက် ထပ်မံရောက်ရှိလာတယ်လို့ သိရပါတယ်။

ဒီဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးဖြစ်တဲ့ မနန်းကို RFA ဝိုင်းတော်သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။